Tuesday, October 11, 2016

ပြည်သူလူထုဖြစ်စေချင်သည့်အတိုင်း တသွေမတိမ်းလုပ်ဆောင်ပေးသွားမည်ဟု RCSS/ SSA ပြော

==

တောင်ကြီး၊ အောက်တိုဘာ ၆ ။

တောင်ကြီးမြို့ရှမ်းစာပေနှင်ယဉ်ကျေးမှုခန်းမတွင် RCSS/SSA ရှမ်းပြည် ထူထောင်ရေးကောင်စီကပြုလုပ်သောလူထုတွေ့ဆုံပွဲကို အောက်တိုဘာလ ၆ ရက်(ယနေ့)နံနံနက် ၉နာရီမှညနေ၅နာရီထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး လူထု ဖြစ်စေချင်သည့်အတိုင်းတသွေမတိမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း RCSS/SSA ရှမ်းပြည်ထူထောင်ရေးကောင်င်္စီ ရှမ်းပြည်တပ်မတော်ဗဟို ကော်မတီဝင်၊ ငြိမ်းချမ်းရေးဆွေးနွေးရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးစိုင်းငင်းက အဆိုပါအခမ်းအနားတွင် AHNသို့ပြောသည် ။

    "ကျွန်တော်တို့အဖွဲ့အစည်းမူဝါဒအရ လူထုတွေ့ဆုံပွဲလုပ်တာဖြစ်ပါတယ်။    ဒီ ၁၅ရက်အတွင်းမှာ လူထုနဲ့တွေ့ဆုံကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ ။ အဓိကက ကျွန်တော်တို့ပေါ်လစီ ၆ချက်ထဲမှာ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတဲ့အချက်ပါပါတယ်။ အခုပြောနေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခြေခံတယ်။  ပထမချက်က RCSS/SSAရဲ့ပေါ်လစီ ကို  ချပြမယ်။ နောက်တစ်ချက်က အစိုးရနဲ့ ပူးတွဲပြီးဖော်ဆောင်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပြောမယ်။   ၅နှစ်တာ ကာလတွင်းမှာ RCSS/SSAက ဘာတွေလုပ်ဆောင်ခဲ့တယ်၊ ဘယ်လိုပူးပေါင်းဆောင်ရွက်ခဲ့တယ်၊ ဘယ်လိုအကျိုးအမြတ်တွေရတယ် ဘယ်လို အထစ်အငေါ့ တွေရှိတယ်၊ အကောင်အထည်မဖော်နိုင်သေးတာ တွေရှိတယ် ဆိုတာ ပြည်သူလူထုကိုချပြမယ် ။ရှင်းပြမယ် ၊ နေပြည်တော်မှာလုပ်သွားတဲ့ ၂၁ရာစုပင်လုံညီလာခံ မှာပါဝင်တက်ရောက်ခဲ့တဲ့အတွက် ညီလာခံမှာ ဘာတွေဆွေးနွေးတယ်ဆိုတာရှင်းပြမယ် ။ အစိုးရနဲ့အပစ်အခတ်ရေးထိုးပြီးတဲ့နောက် လူထုဆက်ဆံရေးရုံးတွေဖွင့်တယ်။  ရုံးတွေရဲ့လုပ်ငန်းအကြောင်းကိုလည်းရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။   NCAအရ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် မှုအဖွဲ့JMC မှာလည်း ကျွန်တော်တို့အဖွဲ့က တာဝန်ရှိသူတွေပါ ပါတယ် ။  အဲဒီအကြောင်းတွေ လည်းရှင်းပြမယ်။ ” ဟုဒုတိယဗိုလ်မှူးကြီးစိုင်းငင်းကပြောကြောင်း ယင်းအခမ်းအနားတွင်တက်ရောက်သတင်းရယူနေသည့် AHN သတင်းထောက်များက ယနေ့ နေ့လယ်ပိုင်းတွင် သတင်းပေးပို့သည်။

==

နွယ်လေး

No comments:

Post a Comment