Monday, October 17, 2016

BREAKING NEWS ( ချင်းတွင်းမြစ်အတွင်း
သဘောင်္မှောက်သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီးဆက်သွယ်မေးမြန်းခြင်း)
==============
ကိန်းဂဏန်းကတော့ခုချိန်ထိ အတိအကျ မသိရသေးပါဘူး။သင်္ဘော စထွက်လာကတည်း က တက်သမျှခရီသည်အားလုံးကိုတင်တယ်လို့တော့ပြောတယ်။ခရီသည်တွေက ထပ်မတင်ပါနဲ့ ၊မတင်ပါနဲ့ လို့ပြောနေရင်းနဲ့တောင် ဆက်တင်တယ်လို့ပြောတယ်။ခုစီးလာတဲ့ စက်လှေက အခြေအနေမကောင်း ဘူးလို့တောင် စီးလာတဲ့ပြည်သူတွေက ဖေ့ဘွတ်ပေါ်တွေတင်ထားတာ အများကြီးရှိတယ်။အဲလို့ ပြောနေရင်းကြားထဲကနေဖြစ်သွားတာပေါ့။

===================

အထက်တန်းအခန်းတွေမှာ အိပ်ပျော်နေတဲ့ သူတွေရှိတယ်။သဘောင်္ပေါ်ကျန်ခဲ့တဲ့သူတွေပြောပြချက်အရကတော့ သဘောင်္ပေါ်မှာ လူ၃၀၀ကျော် ၄၀၀လောက်ပါလာတယ်။အသက်ရှင်ကျန်ခဲ့တာက ၁၀၀ကျော်လေးပဲကျန်ခဲ့တာ။သဘောင်္ထဲမှာ တစ်ဝက်ကျော် ကျော်လောက် ကျန်ရစ်ခဲ့အုံးလိမ့်မယ်လို့တော့ ပြောကြတယ်။အခုကတော့ ရေငုပ်ဝတ်စုံတွေရှိတဲ့ဒေ သတွေမှာ ရေငုပ်ဝတ်စုံတွေသွားငှားနေတယ်။အလောင်းတွေ မပုပ်ခင် အချိန်မှာ ဆယ်ယူနိုင်ဖို့ ကျွန် တော်ကိုယ်တိုင် စောင့်ပြီးဆောင်ရွက်နေပါတယ်။ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း စောင့်ပြီး ကြီး ကြပ်နေပါတယ်။

====

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီး၌ (၁၅-၁၀-၂၀၁၆) ရက်နေ့၊ (၀၅း၀၀) နာရီအချိန်တွင် ချင်းတွင်းမြစ်ကြောင်းအတွင်း ဟုမ္မလင်းမှ မုံရွာသို့ စုန်ဆင်းလာသော ခရီးသည် (၃၀၀) ဦးခန့် တင်ဆောင်လာသည့် အောင်စိုးမိုးကျော်အမြန်ရေယာဉ် တိမ်းမှောက်နစ်မြုပ်ခဲ့သည်။ယင်းအမြန်ရေယာဉ်နစ်မြုပ်သည့်နေရာတွင်ရောက်ရှိကူညီနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၊ ကနီမြို့နယ် အမတ် ဦးထွန်းထွန်းဝင်းကို ယနေ့ (အောက်တိုဘာလ၁၅ရက်) ညနေပိုင်းက ဆက်သွယ်မေးမြန်းထားသည်များကိုပြန်လည်ဖော်ပြပေးလိုက်ပါသည်။

===

 AHN။  ။ချမ်းတွင်းမြစ်ကြောင်းမှာ ဒီမနက် ၅နာရီးအချိန်က အောင်စိုးမိုး ခရီးသည်တင်ရေယဉ် နစ်မြုပ်သွားတာ နဲ့ပတ်သတ်ပြီး လက်ရှိအခြေအနေလေးပြောပြပေးပါ။

ဖြေ။    ။အခုဒီမှာ ၁၅၀ကျော်လောက် ကယ်ဆယ်ထားတယ်။အလောင်းကတော့ လေးလောင်းတွေ့ ထားတယ်။နောက်ပြီးပျောက်ဆုံးသွားတဲ့ပြည်သူတွေကလည်း ၁၅၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။မော်တော်က အောက်ထဲကို ထိုးမြုပ်သွားတာဖြစ်တဲ့အတွက် အောက်ထဲကိုပါသွားတာ ဖြစ်မယ်လို့ထင် ပါတယ်။မော်တော်က မြုပ်တာမနက် ၅နာရီခွဲအချိန်လောက်ဆိုတော့ အိပ်ကောင်းတဲ့ အချိန်ဖြစ်တယ်။အထက်တန်း ခန်းမှာ စီးတဲ့သူတွေကတော့ အားလုံးပါသွားမယ်လို့ထင်ပါတယ်။

AHN။  ။အဲလို့သင်္ဘောနစ်မြုပ်တာ ဘာကြောင့်နစ်မြုပ်သွားတယ်ဆိုတာရော သိထားပြီးလား။

ဖြေ။    ။အိုဘာဝိတ်များလို့ဒီလို့ဖြစ်တာလို့တော့ သင်္ဘောပေါ်ပါလာတဲ့သူတွေက ပြောတယ်။အိုဘာ ၀ိတ်များတဲ့ အတွက် စောင်းပြီးကွေ့လိုက်တဲ့ အချိန်မှာ ဝေါဆိုထိုးမြုပ်သွားတာဖြစ်တယ်။ ခရီးသည် ၁၅၀လောက် ကယ်ဆယ်လိုက်နိုင်တယ်ဆိုတာ တစ်ချက်ကကမ်းနဲ့နီုးလို့၊နောက်တစ်ချက်က ရွာနဲ့နီးလို့ ကယ်လိုက်နိုင်တာဖြစ်တယ်။ရွာနဲ့လည်းမနီးဘူး၊ကမ်းနဲ့ လည်းမနီးဘူးဆိုရင်တော့ သင်္ဘော ပေါ်ပါလာတဲ့သူတွေက ကယ်မဲ့သူမရှိဖြစ်သွားနိုင်တယ်။

AHN။  ။ဆရာတို့အနေနဲ့ ခုရရှိထားတဲ့သတင်းအချက်အလက်အရဆိုရင် သင်္ဘောပေါ်ပါလာတဲ့ပြည်သူ တွေက အမျိုးသမီး အမျိုးသား ဘယ်နှစ်ဦးလောက်ပါလဲ။

ဖြေ။    ။ကိန်းဂဏန်းကတော့ခုချိန်ထိ အတိအကျ မသိရသေးပါဘူး။သင်္ဘော စထွက်လာကတည်း က တက်သမျှခရီသည်အားလုံးကိုတင်တယ်လို့တော့ပြောတယ်။ခရီသည်တွေက ထပ်မတင်ပါနဲ့ ၊မတင်ပါနဲ့ လို့ပြောနေရင်းနဲ့တောင် ဆက်တင်တယ်လို့ပြောတယ်။ခုစီးလာတဲ့ စက်လှေက အခြေအနေမကောင်း ဘူးလို့တောင် စီးလာတဲ့ပြည်သူတွေက ဖေ့ဘွတ်ပေါ်တွေတင်ထားတာ အများကြီးရှိတယ်။အဲလို့ ပြောနေရင်းကြားထဲကနေဖြစ်သွားတာပေါ့။

AHN။  ။သင်္ဘောမောင်းတဲ့သူတွေကိုရော လက်ရှိမှာ ဘယ်လို့ မျိုး ဆောင်ရွက်ထားလဲဆိုတာပြောပြ ပေးပါ။

ဖြေ။    ။စက်လှေပေါ်မှာကတော့မောင်းတဲ့ သူအပါအ၀င် ၅ယောက်ပါ ပါတယ်။မောင်းတဲ့သူကိုတော့ မမိသေးဘူး။သေသွားပြီးလား၊ထွက်ပြေးနေလားတော့ မသိရသေးဘူး။ကျန်ခဲ့တဲ့လေးယောက်ကိုတော့ စလင်မြို့နယ် ကင်းကျေးရွာ အုပ်စုရဲစခန်းမှာ ချုပ်ထားပါတယ်။



AHN။  ။လက်ရှိအချိန်မှာ ကယ်ဆယ်ထားတဲ့ ပြည်သူတွေကိုကျပ် နှစ်သောင်းစီ ထောက်ပံထားတယ်လို့ သိရတယ်။အဲ့ဒိအခြေအနေလေးသိပါရစေ။

ဖြေ။    ။အခုနှစ်သောင်းစီထောက်ပံတယ်ဆိုတာ ကျန်ရှိနေတဲ့သူတွေကိုထောက်ပံတာဖြစ်တယ်။အသ က်သေဆုံးသွားတဲ့သူတွေကိုတော့ နောက်မှ ဘယ်လို့ထောက်ပံ့မယ်ဆိုတာတော့ မသိသေးဘူး။

AHN။  ။သေသွားတဲ့ ပြည်သူတွေကိုရော လက်ရှိအခြေအနေမှာ ဘယ်လို့မျိုးဆောင်ရွက်ထားလဲ။

ဖြေ။    ။သေသွားတဲ့ပြည်သူတွေကိုတော့ သက်ဆိုင်ရာ ကျေးရွာတွေကိုပို့ပေးမယ်။ကျန်ရစ်ခဲ့တဲ့သူတွေ ကိုလည်း သက်ဆိုင်ရာ ဒေသကို ပြန်ချင်တယ်ဆိုရင်ပြန်လိုက်ပို့ပေးမှာဖြစ်ပါတယ်။ဒါပေမဲ့အခုက ဘယ် လိုဖြစ်နေလည်းဆိုတော့ မော်တော်လည်း မစီးရဲဘူး ၊ကားလည်းမစီးရဲဘဲ ကြောက်အားတွေကြီးနေကြ တယ်။

AHN။  ။မပြန်ရဲဘူးဆိုတော့ သူတို့အတွက် နေထိုင်စားသောက်ဖို့ အတွက်ရော ဘယ်မျိုးတွေ ဆောင် ရွက်ပေးထားလဲ။

ဖြေ။    ။ခုကတော့ ကယ်ဆယ်ရေးစခန်းသုံးခုဖွင့်ထားပေးပါတယ်။ မိချောင်းသွန်းကျေးရွာဘုန်းကြီးေ ကျာင်းရယ်၊ ကင်းကျေးရွာဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းရယ်၊ကင်းဆေးရုံးကယ်ဆယ်ရေးစ ခန်းရယ်သုံးခုဖွင့်ပေးထားတယ်။ခုတော့ ပြည်သူတွေက အဲ့ဒီကယ်ဆယ်ရေးစခန်း သုံးခုမှာပဲ သောင်တင် နေပါတယ်။

AHN။  ။သင်္ဘောနစ်မြုပ်သွားတဲ့ အထဲပါသွားတဲ့ ပြည်သူတွေကို ဆယ်ယူဖို့ အတွက်ကရော လက်ရှိ ဘယ်လို့မျိုးတွေ ဆောင်ရွက်ထားလဲ။

ဖြေ။    ။ဒေသခံပရဟိတအဖွဲ့တွေ၊ဌာနဆိုင်ရာ ရဲတပ်ဖွဲ့တွေ ၊မီးသတ်တပ်ဖွဲ့တွေပူးပေါင်းပြီးဆယ်ယူ နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ နောက်ပြီး အနောက်တောင်ပိုင်းစစ်ဌာနချုပ်တိုင်းမှူးလည်းလာသွားတ တယ်။စစ်ကိုင်းတိုင်းဝန်ကြီးချူပ်လည်းလာသွားတယ်။

AHN။  ။ခုသိရသလောက်ဆို သင်္ဘေပေါ်စီးတဲ့ခရီးသွားပြည်သူတွေက လက်မှတ်နဲ့စီးတာ တစ်ဝက် လောက်ပဲပါတယ်လို့ သိထားတယ် အဲ့ဒါရောဟုတ်ပါသလား။

ဖြေ။    ။ဟုတ်ပါတယ် ။လက်မှတ်နဲ့စီးတဲ့ ခရီးသည်က ၁၈၆ ယောက်လောက်ပဲရှိပါတယ်။ကျန်တဲ့သူ တွေကတောု့လက်မှတ် မပါဘူးပေါ့။အဲဒါကလည်း ဒီဒေသမှာပ ထုံးစံလို့ဖြစ်နေတာပေါ့။

AHN။  ။အဲမှာဆွဲတဲ့ သင်္ဘေလိုင်းတွေကရော ဘယ်နှစ်လိုင်းလောက်ရှိလဲ

ဖြေ။    ။အဲဒါတော့ အတိအကျမသိပါဘူး။သင်္ဘောလိုင်းတွေကတော့ အများကြီးရှိပါတယ်။

AHN။  ။ဒီလို့ဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် အနေနဲ့ ဘယ်လို့မျိုး တွေ ဆက်လက်ဆောင်ရွက်သွားဖို့ရှိလဲ။

ဖြေ။    ။ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကတော့ အဲလို့စည်းကမ်းကမ်းမဲ့ မော်တော်ယာဉ်တွေကို ပိုပြီးတော့ ကြီးကြပ်သွားမယ်။လိုအပ်ရင် ဥပဒေတွေ၊နည်းဥပဒေတွေ ပြင်ဆင်ခွင့် ရှိရင်လည်းပြင်းဆင်ပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမှာဖြစ်တယ်။အခုကတော့ စည်းမဲ့ ကမ်းမဲ့လုပ်နေသလို့ဖြစ်နေတာပေါ့။သိပ်မကြားသေးခင်က ဒီနှစ်ထဲမှာပဲ မော်တော်တစ်စင်း နစ်မြုပ်သေးတယ်။အရင်နှစ်တုန်းကလည်း မော်တော်တစ်စင်နစ်မြုပ်ပြီး လူတွေသေမှု ကျွန်တော်တို့ မြို့နယ်ထဲမှာပဲတစ်ကြိမ်ဖြစ်သွားသေးတယ်။အခုကတော့ အဲလိုတွေထပ်မဖြစ်အောင် ဥပဒေတွေ ပြဌာန်းပြီး ပြတ်ပြတ်သားသားလုပ်ဖို့ အချိန်တန်နေပါပြီး။ချင်းတွင်းမြစ်ရိုးတစ်လျှောက်မှာ သင်္ဘောတွေ နစ်မြုပ်ရတဲ့အဓိက အကြောင်းအရင်းကတော့ ရေယာဉ်စည်းကမ်းတွေတိတိကျကျမလိုက်နာလိုဖြစ်ရ တာ။လူတွေကိုတင်ချင်သလောက်တင်ပြီး တိကျရေရာတဲ့ ကြီးကြပ်မှုတွေအားနည်းခဲ့လို့ဒီလို့ဖြစ်ရတာ ပါ။

AHN။  ။ဒီကိစ္စနဲ့ပတ်သက်ပြီး တိကျပြတ်သားတဲ့ ဥပဒေတွေ နည်းဥပဒေတွေ ပြဌာန်းပေးဖို့အတွက် ရော လွှတ်တော်ကို တင်ပြဆွေးနွေးသွားဖို့ရှိလား။

ဖြေ။    ။ဒါနဲ့ပတ်သက်ပြီး ခုဝန်ကြီးချုပ်လာတော့ ၀န်ကြီးချုပ်နဲ့စကားပြောဖြစ်ပါတယ်။ဥပဒေမှာပါလို့ရှိ အဲ့ဒီဥပဒေတွေကို တိုးချဲ့သင့်ရင်တိုးချဲ့မယ်။ပြင်ဆင်သင့်ရင် ပြင်ဆင်မယ်လို့ပြောပါတယ်။လိုအပ်ရင် လို အပ်သလို့ လွတ်တော်မှာ ဆွေးနွေးပါလို့ပြောတယ်။ကျွန်တော်တို့ကလည်း မော်တော်ယာဉ်နဲ့ပတ်သက် တဲ့စည်းကမ်းဥပဒေတွေ ကိုဆက်ပြီးလေ့လာပြီး အားနည်းချက်တွေကို လွတ်တော်မှာ ဆွေးနွေးသွားဖို့ တော့ အစီအစဉ်တွေဆွဲထားပါတယ်။

AHN။  ။အရင်ကလည်း ဒီလိုဖြစ်စဉ်တွေဖြစ်ခဲ့ဖူးတယ်ဆိုတော့ အစိုးရအဆက်ဆက်က ဥပဒေတွေ နည်းဥပဒေတွေကို အကောင်အထည်ဖေါ်ဆောင်ရွက်မှုအားနည်းမှုကြောင့်ဖြစ်တယ်လို့ပြောလို့ရမ လား။

ဖြေ။    ။ဖြစ်နိုင်ပါတယ်။ခုဟာကတော့ ကျွန်တော်တို့ မော်တော် တစ်စင်းမြုပ်ပြီးဆိုတာနဲ့ တိုင်းဒေသကြီးဝန်ကြီးတွေရော ၊ညွန်းမှူးတွေရော ချက်ချင်းပဲ ဖြစ်ပျက်သွားတဲ့နေရာကိုရောက်လာ တယ်။ရောက်လာပြီး ကာယခံရှင် ကျန်ရစ်သူတွေကိုလည်း ကျွန်တော်တို့ အားပေးစကားတွေပြော တယ်။နောက်ပြိး တတ်နိုင်သလောက်လည်း တိုင်းဒေသာကြီးလူကယ်ပြန်ကနေပြီးတော့ တစ်ယောက် နှစ်သောင်းစီ ကူညီထောက်ပံမှုတွေပြုတယ်။ဝန်ကြီးချုပ်ကိုယ်တိုင်းကလည်း ဒီကိစ္စကို တက်တက်ကြွ ကြွနဲ့ ဆောင်ရွက်မယ်လို့ပြောသွားတယ်။အရင်နဲ့တော့ မတူဘူးလို့တော့ ယူဆရတာပေါ့။

AHN။  ။အခုက သင်္ဘောဆယ်ယူဖို့အတွက် ဘယ်လို ဆောင်ရွက်ထားလဲဆိုတာသိပါရစေ။

ဖြေ။    ။ရေကတော်တော်နက်တယ်။သင်္ဘောကလည်း သံခွံကြီးဆိုတဲ့အခါကြတော့ ပြန်ဆယ်ဖို့ဆိုတာမ လွဲဘူး။သင်္ဘောမှာက အထက်တန်းအခန်းတွေပါတယ်။အထက်တန်းအခန်းတွေမှာ အိပ်ပျော်နေတဲ့ သူတွေရှိတယ်။သဘောင်္ပေါ်ကျန်ခဲ့တဲ့သူတွေပြောချက်အရကတော့ သဘောင်္ပေါ်မှာ လူ၃၀၀ကျော် ၄၀၀လောက်ပါလာတယ်။အသက်ရှင်ကျန်ခဲ့တာက ၁၀၀ကျော်လေးပဲကျန်ခဲ့တာ။သဘောင်္ထဲမှာ တစ်ဝက်ကျော် ကျော်လောက် ကျန်ရစ်ခဲ့အုံးလိမ့်မယ်လို့တော့ ပြောကြတယ်။အခုကတော့ ရေငုပ်ဝတ်စုံတွေရှိတဲ့ဒေ သတွေမှာ ရေငုပ်ဝတ်စုံတွေသွားငှားနေတယ်။အလောင်းတွေ မပုပ်ခင် အချိန်မှာ ဆယ်ယူနိုင်ဖို့ ကျွန် တော်ကိုယ်တိုင် စောင့်ပြီးဆောင်ရွက်နေပါတယ်။ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း စောင့်ပြီး ကြီး ကြပ်နေပါတယ်။

AHN။  ။ ဒီလို့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူလူထုသိသင့်သိထိုက်တဲ့ အချက်တွေရှိရင် ပြောပေးပါ။

ဖြေ။    ။နောင်ကို ကျွန်တော်တို့ ဒီလို့ပြသနာမျိုးတွေ မကြုံရအောင် ဥပဒေအားနည်းချက်တွေရှိရင် ဥပဒေကိုပြင်မယ်။ယာဉ်စည်းကမ်းတွေ မော်တော်ယာဉ်စည်းကမ်းတွေကို လိုအပ်ရင်လို့အပ်သလို့ ပြုပြင်ပြောင်းလည်းမှုတွေ အချိန်နဲ့တပြေးညီလုပ်မယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့လည်း အမှန်တကယ် နစ်နာသူတွေကို အသေးစိတ် စနစ်တကျစာရင်းကောက်ပြီးတော့ ကူညီကယ်ဆယ်ရေးတွေလုပ် ဆောင်သွားမှာပါ။ဒီလိုမျိုးနောက်ထပ်မဖြစ်ရအောင် အချိန်ယူပြီးပြုပြင်ပြောင်းလည်းမှုတွေကိုလုပ် ဆောင်သွားမှာပါ။ခုက ၀န်ကြီးချုပ်ရော လွတ်တော်ကိုယ်စားလှယ်တွေက ရော မျက်ဝါးထင်ထင်မြင် သွားပြီးဆိုတော့အင်းတိုက်အားတိုက်လုပ်ဆောင်သွားဖို့စိုင်းပြင်းနေပါတယ်။

AHN။  ။ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူတင်ပါတယ်။

===

ရဲထက်ကျော်၊ နန္ဒကိုကို ( AHN)

===

PHOTO BY - Thein Winn Oo

သဘောင်္နစ်မြုပ်သည့်နေရာနှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေသည့် တပ်မတော်သားများ။

No comments:

Post a Comment