Wednesday, October 26, 2016

Asia heart news journal vol 1 no 10

အာရှနှလုံးသား သတင်းဂျာနယ် ( AHN - ၂၆-၁၀-၂၀၁၆)။

-“၀” တပ်ဖွဲ့မှ မိုင်းလားနယ်မြေမှ ပြန်လည်ဆုတ်ခွာ

-လားရှိုးမြို့အတွင်းရန်သူများဝင်ရောက်လာပါက ကာကွယ်ရန်  တပ်မတော် နှင့် ရဲတပ်ဖွဲ့ပူးပေါင်းကင်းလှည့်

(“ …အကယ်၍များမြို့ထဲကိုရန်သူဝင်လာရင်၊ စိမ့်ဝင်ပြီးတိုက်ခိုက်ခံရလို့ရှိရင် ဘယ်လိုတုံ့ပြန်ပြီးတိုက်ခိုက်ကြမလဲဆိုတာကို ကျွန်တော်တို့ဆက်တိုက်ပူးပေါင်းပြီးလေ့ကျင့်တာပါ “ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးအောင်မြတ်မိုး။)

-တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလတွင်ရဲတပ်ဖွဲ့အင်အား ၁၀၀၀ ခန့်ဖြင့် လုံခြုံရေးဆောင်ရွက်မည်

-တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလတွင် စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးရမိပါက သီတင်းနှစ်ပတ် ထိန်းသိမ်းပြီး တရားစွဲမည်

-တောင်ကြီးတန်ဆောင်တိုင်ပွဲတော်( မီးပုံးပျံပွဲတော်) တွင်ပါဝင်ဆင်နွှဲကြမည့် မိဘပြည်သူများအတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကစည်းကမ်းချက် များထုတ်ပြန်

-မိုင်းလားမြို့တွင်အေးချမ်းမှုရှိနေသော်လည်း တိုက်ပွဲများဖြစ်မည်ကိုဒေသခံများစိုးရိမ်

-ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ  ၊ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ဘူးသီတောင်ဒေသခံများအတွက်ငွေကျပ် သိန်း ၂၀ လှူဒါန်း

-မီးဘေးအန္တရာယ်စိုးရိမ်ရသည့်အတွက် ပေါင်းတည်မြို့လယ်မှ ဓါတ်ဆီဆိုင်ကိုဖယ်ရှားပေးရန်မြို့ခံများတောင်းဆို

-မအူပင်မြို့နယ်၊ သောင်ဇားကျေးရွာအုပ်ချုပ်ရေးမှူးအား ဖြုတ်ချပေးရေး ဆန္ဒထုတ်ဖော်

- အသက် ( ၄၁ )နှစ်အရွယ် အမျိုးသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျကွယ်လွန်

-တောင်ကြီးမြို့မဈေး ပတ်လည်ရှိလမ်းများ ကိုရှင်းလင်း

-မိုးသည်းထန်၍တောင်ကြီးမြို့ရှိနေအိမ်အုတ်တံတိုင်း အချို့ပြိုကျ

-ပြည်တွင်းစစ်ရပ်ဆိုင်းရေး ပြည်မြို့တွင် ဆန္ဒထုတ်ဖော်

-သဘောင်္များဘေးအန္တရာယ်ကင်းစွာသွားလာနိုင်ရန် မည်သို့ဆောင်ရွက်ရမည်ကို ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ကမ်းတလျှောက်မှ လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးကြမည်

-ထိုင်ခုံခါးပတ်မပတ်သည့် အဝေးပြေးယာဉ်မောင်းများကို ၂၀၁၇ ဇန်န၀ါရီလ ၃၁ ရက် မှ စ၍ အရေးယူမည်

- မန္တလေးတွင်
အိမ်ခြံမြေဈေးကွက်အေးနေ၍ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအခက်ကြုံ

-သုံးရက်ကြာ အပစ်ရပ်ပြီးနောက် ဆီးရီယားတွင်တိုက်ခိုက်မှုများပြန်လည်ဖြစ်ပွား

-ရုရှလေယာဉ်ပျံပျက်ကျ၍ ၁၉ ဦး ကွယ်လွန်

-ဧ၀ရတ်တောင်ထိပ်သို့ ပထမဆုံးရောက်ရှိခဲ့သည့် ဂျပန် အမျိုးသမီးကွယ်လွန်

-စက်ရုပ်များကို လိင်ဆက်မည့်ရမည့် ကိစ္စနင့်ပတ်သက်ပြီး ” စက်ရုပ်များကိုချစ်ကာ လိင်ဆက်ဆံပါ” ဟုအမည်ပေးထားသည့်    ဆွေးနွေးပွဲကို  အင်္ဂလန်တွင်ပြုလုပ်မည်
( အနာဂတ်မှာ စက်ရုပ်တွေက ကျွန်မတို့ရဲ့ချစ်သူတွေ ဖြစ်လာမယ်လို့ ကျွန်မထင်ပါတယ်..)

-နတ်. သိကြားတွေ ခန့်မန်းသလား ထင်ရလောက်အောင် ကွတ်တိနီးပါမှန်နေတဲ့ … ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ချက်။ ( ပွဲစဉ်-၁၀) ၂၉-၁၀-၂၀၁၆ ည ၈း၃၀… မန်ယူနဲ့ ..ဘန်လေ ပွဲမှာ ..AHN အားကစားသတင်းထောက်က  ဘန်လေနိုင်မယ်လို့ ခန့်မှန်းပေးထားပါတယ်။ ဘာကြောင့်ပါလဲ…………။

-Sexy Model ဇွန်သင်ဇာ နဲ့တွေ့ဆုံခြင်း။

(  ရှိုးပွဲတွေမှာ သရုပ်ဆောင်မင်းသမီးတွေရဲ့ အထင်သေးပြီး မတူမတန်သလိုအကြည့်တွေနဲ့ တုံ့ပြန်ခြင်းခံခဲ့ရတယ်……)

( မေး- ညီမေ Sexy Model အဖြစ် စ ပြီး ရပ်တည်တော့ ညီအဖေက ရှက်လွန်းလို့သေကြောင်းကြံတဲ့အထိ ဖြစ်ခဲ့တယ်ဆိုပြီး အသံတွေထွက်လာခဲ့တယ်၊ အဲဒီအပေါ်ဘယ်လိုပြောချင်လဲ၊…၊ ….။)

(မေး- ယခင်သမ္မတဟောင်း ရဲ့ပညာသင်ဆုရခဲ့သေးတယ်နော်၊ အဲဒီအပေါ်ပြောချင်တာက……..။)

စသည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာနောက်ဆုံးရ သတင်း အချက်အလက်များ။

------

-အိန္ဒိယရဲ့ Look East Policy နှင့် မြန်မာပြည် ( ဘမောင်= ဧရာဝတီ)

(ဒေါ်အောင်ဆန်းစုကြည်က မကြာမီ ကာလအတွင်း အိန္ဒိယအထူး ကွန်မန်ဒိုများ မြန်မာနယ်မြေထဲကိုဝင်ရောက်ပြီး အိန္ဒိယ ဗဟိုအစိုးရကို ပုန်ကန်နေတဲ့ National Socialist Council of Nagaland ( NSCN) နာဂသူပုန် အဖွဲ့စခန်းကို လျှပ်တပြက်ဝင်ရောက် တိုက်ခိုက်ခဲ့မှုကို သဘောမတူကြောင်းကို သွယ်ဝှိုက်ပြောဆိုခဲ့မှုတွေလည်းတွေ့ရပါတယ်…)

-မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်ရန်အတွက် အထောက်အကူဖြစ်လာမည့် မောင်တောနယ်စပ်ကုန်သွယ်ရေးဇုန် ( ကံမောင်)

-မငြိမ်းချမ်းခဲ့သော ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်၏ နောက်ဆုံး
ခရီး ( အပိုင်း- ၁ ) ၊ လှစိုးဝေ

( ကျောင်သားများအကြားမကျေနပ်မှုများက တဖြည်ဖြည်းပြင်းထန်လာကာ အခြေအနေများက တင်းမာလာလျက်ရှိသည်။ ထိုအချိန်တွင် ဒေါသကို မထိန်းနိုင်သော ကျောင်းသား အချို့က “ ငြိမ်းချမ်းရေးဖခင်ကြီး မြုပ်နှံဖို့ ဂူဗိမာန်ကြီးတစ်ခုဖန်တီးကြမယ်၊ ကျုပ်တို့ဒါကိုဖြစ်အောင်
လုပ်ကြမယ် “ဟု အော်ဟစ်လိုက်ကြသည်။)

-သတင်းသမားနှင့် ကျင့်ဝတ်စည်းကမ်း( စိုးမင်းဦး)

-ဆေးကုသမှုလုပ်ငန်းအသုံးချမှုမော်နီတာ အသစ်( ဦးသောင်းဝင်း - ပန်းချယ်ရီ)

-ရတက်မအေးနိုင်သေးတဲ့ ကိုတင့်တို့ ပညာရေး( ၀င်းစံ)

-ပြည်သူ့အုပ်ချုပ်ရေးနဲ့ နိုင်ငံရေး ဗေဒ ( မင်းရွှေအောင်)

-ကြိုးဝိုင်းပေါ်က ကြေးစားများ ( ရဲရင့်ဌေး)

-အ၀လွန်ခြင်းသည် ဦးနှောဏ်ကို ပါထိခိုက်နိုင်( နေအိမ်)

-အဖြေရှာရမည့် ဂုတ်တွင်း ယာဉ်ကြောပိတ်မှု ( မင်္ဂလာထွန်း- ကျောက်မဲ)

-တစ်ပတ်အတွင်းနိုင်ငံတကာ သတင်း ( မိုးဦးထွန်း)

-လာအို ဒီမိုကရေစီလမ်းပေါ် လျှောက်မှာလား ( နေအိမ်)

-ဆင်းရဲမှု တိမ်လွှာအောက်က ဘ၀များ ( အယ်ဒီတာ့အာဘော်)

စသည့်ဆောင်းပါးကောင်းဖြင့် The Asia Heart News ( AHN ) ဂျာနယ် ကို ယနေ့ ( အောက်တိုဘာ-၂၆- ဗုဒ္ဓဟူးနေ့ )- မနက်စောစာကတည်းက လူကြီးမင်းနှင့် အနီးစပ်ဆုံးနေရာသို့ပို့ဆောင်ပေးထားပြီးဖြစ်ပါကြောင်း ရိုသေလေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည် ခင်ဗျား။ လေးစားလျက် - စီမံခန့်ခွဲရေး အဖွဲ့ -AHN ။

-
ပြည်တွင်းစစ်များရပ်ဆိုင်းရေး
ပြည်မြို့ တွင် ဆန္ဒထုတ်ဖော်တောင်းဆို

===
ပြည်၊အောက်တိုဘာ ၂၃။

     တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ပြည်တွင်းစစ်များရပ်ဆိုင်းရေး
အတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင်
အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ဆန္ဒထုတ်ဖော်
တောင်းဆိုခဲ့ကြောင်း ပြည်မြို့ခံတစ်ဦးက အောက်တိုဘာလ ၂၃ ရက်တွင် AHN သို့ပြောသည်။

     အဆိုပါဆန္ဒထုတ်ဖော်တောင်းဆိုပွဲကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ငြိမ်းချမ်းရေးကွန်ရက်(ပြည်ခရိုင်)၊
ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားများအဖွဲ့၊ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ဗမာပြည်ကျောင်းသားများသမဂ္ဂ(ပြည်ခရိုင်)
နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများတို့က ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး
“တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ပြည်တွင်းစစ်များ ရပ်ဆိုင်းရေး
ဆန္ဒထုတ်ဖော်တောင်းဆိုပွဲ(ပထမ)အကြိမ်”ဆိုသည့် ဗီနိုင်းနှင့်အတူ “စစ်
အလိုမရှိ၊ငြိမ်းချမ်းရေးသာအလိုရှိ”“ယမ်းနံ့တွေအစား
ပန်းရနံ့တွေထုံလွှမ်းပါစေ မြန်မာပြည်”“ထိုးစစ်များ
ချက်ချင်းရပ်”“ပြည်တွင်းစစ်များ ရပ်ဆဲဖို့
ပြည်သူအများတောင်းဆိုကြပါစို့”“စစ်ဘေးရှောင်စခန်းဆိုတာ
တိုင်းပြည်ရဲ့ဆိုးမွေတွေဖော်ပြနေတဲ့နေရာ”စသည့် ဆိုင်းဘုတ်များကို
ကိုင်ဆောင်ပြီး “တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသောစစ်ပွဲများ
ရပ်ဆိုင်းရေး-ဒို့အရေး၊တဖက်သတ် ထိုးစစ်များ ချက်ချင်းရပ်၊လူထုဘ၀ အိုးအိမ်
ဖျက်ဆီးသူများ ကျဆုံးပါစေ၊ပြည်တွင်းငြိမ်းချမ်းရေး-ဒို့အရေး”ဟူသော
ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြကြောင်း၎င်းကပြောသည်။

ဆန္ဒဖော်ထုတ်ပွဲကို တရားဝင်ခွင့်ပြုချက်ဖြင့်လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူအင်အား ၃၀ ကျော်ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု ပြည်မြို့ရှိ AHN သတင်းထောက်ကသတင်းပေးပို့သည်။

     အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် အဖွဲ့အစည်းအသီးသီးမှ တက်ရောက်သူများက
ဟောပြောခြင်းများ၊ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း လည်း AHN သတင်းထောက်ကပြောသည်။

====

မင်းထက်(ပြည်)

PHOTO - MH ( AHN )

Asia heart news

လပွတ္တာတွင် မုန်တိုင်းရှောင်ပြည်သူ ၈၀၀ ကျော်ရောက်ရှိနေ

======

လပွတ္တာ၊ အောက်တိုဘာ ၂၃ ။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ ဘေးအန္တရာယ်မှ ရှောင်ရှားရန်အတွက်ဧရာဝတီတိုင်းဒေသကြီးလပွတ္တာမြို့တွင် မုန်တိုင်းရှောင်ပြည်သူ ၈၀၀ ကျော်ရောက်ရှိနေကြောင်းလပွတ္တာ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ကိုဝင်းနိုင်ကယနေ့ (အောက်တိုဘာလ ၂၃ ရက်)နေ့လယ်ပိုင်းတွင် AHN သို့ပြောသည်။

"အရပ်ဘက်အဖွဲ့ စည်းတွေရော၊မီးသတ်ဦးစီးဌာကရော ၊ုပြည်သူ့ရဲတွေကရောမုန်းတိုင်းခိုစခန်းလေးခု ယာယီလုပ်ဆောင်ပေးနေပါတယ်။အခုလောလောဆယ် လေးထပ်ကျောင်းမှာ လူအင်းအား၅၀၀၊ကျိုက်ထီးရိုး ကျောင်းမှာလူအင်းအား၂၅၀ကျောင်း၊ကံကော်ကျောင်းမှာလူ၂၀ရောက်နေပါပြီး။ကိုးန၀င်းကျောင်း မှာလူဦးရေ၅၀ ကျော်ရောက်ရှိနေပါပြီ၊ အခုရရှိထားတာ ကတော့ကျန်ခဲ့တဲ့ နာရီဝက်လောက်ကရထားတဲ့ စာရင်းဖြစ်ပါတယ်။
မုန်းတိုင်းခိုစခန်းကိုတော့ လေးထပ်ကျောင်း၊ ကျိုက်ထီးရိုးကျောင်းရယ်၊ကံကော်ကျောင်းရယ်၊ မင်း ကျောင်း ရယ်ဆိုပြီး လေးခုဖွင့်ထားပါတယ်။ " ဟု၎င်း ကပြောသည်။

အဆိုပါရောက်ရှိလာသောမုန်းတိုင်းရှောက်ပြည်သူများမှာ မြစ်ကမ်း စပ်တွင်နေထိုင်သော ကျေးရွာများမှပြည်သူများဖြစ်ကြောင်း၊ ကျေးရွာပေါင်း၃၀ကျော်မှပြည်သူများ မုန်တိုင်းရှောင်လာခြင်းဖြစ်ကြောင်း၊
လက်ရှိအချိန်တွင် အဆိုပါ မုန်းတိုင်းရှောင်ပြည်သူများ စားသောက်မှုအဆင်ပြေစေရန်အတွက် သက်ဆိုင်ရာရပ်ကွက်ရှိအုပ်ချုပ် ရေးမှူးများ ၊အရပ်ဖက်အဖွဲ့ အစည်းများမှပူးပေါင်းကာ ထမင်းထုပ်များအားလပွတ္တာမြို့ပေါ်တွင် လိုက်လံ အလှူခံနေကြောင်း၊အလှူရှင်းများမှလည်းလာရောက်လှူဒါန်းမှုများရှိ
သဖြင့်လောလောဆယ်တွင် အလှူခံရရှိ သော ပစ္စည်းများကိုသာ မုန်တိုင်းရှောင်များအားဝေငှပေးထားကြောင်း၊ ပြည်သူလူ
ထုစားသောက်မှုအဆင်ပြေစေရန် ဖြည့်ဆည်ဆောင်ရွက်ပေးလျှက်ရှိကြောင်း  ကိုဝင်းနိုင်ကပြောသည်။

"ဘုန်းဘုန်းတို့ကျောင်းမှာ မုန်တိုင်းရှောင်ပြည်သူ ၁၀၀ လောက်ရောက်ရှိနေပါတယ်၊ လပွတ္တာမြို့မှာ ဒီမနက်ပိုင်းကတော့မိုးရွာတယ်။ အခုတော့ မရွာတော့ဘူး "ဟု ကိုးန၀င်းကျောင်း ဆရာတော် ဦးပညာ ကမိန့်သည်။

မုန်တိုင်းသည် နောက်(၁၂)နာရီအတွင်း ပိုမိုအား ကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံကမ်းရိုးတန်း(မြစ်ဝကျွန်းပေါ်ဒေသ)အနီးသို့ ဦးတည်ရွေ့လျားပြီးနောက် ပြန်ကွေ့ကာ မြောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကယနေ့နေ့လယ် ၂ နာရီတွင်ခန့်မှန်းထုတ်ပြန်ပေးထားသည်။

===

ရဲထက်ကျော် ( AHN )

photo - Ko Win Naing

Thursday, October 20, 2016

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် မီးလောင် မှုဖြစ်ပွား

===

မန္တလေး၊ အောက်တိုဘာ ၂၀ ။

ယနေ့အောက်တိုဘာလ ၂၀ရက်နေ့ ည ၆း ၄၅ အချိန် ခန့်ကမန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် မီးလောင် မှုဖြစ်ပွားခဲ့ကြောင်းမီးလောင်သည့်နေရာတွင်ရောက်ရှိသတင်းရယူနေသည့် AHN သတင်းထောက်က သတင်းပေးပို့သည်။

"မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊မဟာနွယ်စဉ်စဉ်ရပ်ကွက် မဟာမြိုင်အပိုင်း ၁
အကွက် ၄၃၁ - က ရှိ စံပယ်ဦး စတိုးနှင့်ဘော်ဒါဆောင်မှ စတင်လောင်ကျွမ်းတယ်လို့  သိရပါတယ်။
ည ၆ နာရီ ၄၅ မိနစ်ခန့်မှ စတင်လောင်ကျွမ်းတာဖြစ်တယ်လို့ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။
နှစ်ထပ်နံကပ်အဆောက်အဦးလေးလုံးမီးလောင်ကျွမ်းသွားကြောင်း သိရပါတယ်။
မီးသတ်တပ်ဖွဲ့မှ levele 3 သတ်မှတ်ထားပါတယ်။.
၇နာရီ၁၅ခန့် မှာမီးညွှန့်ကျိုးပါတယ်။
ဆက်လက်ငြိမ်းသက်နေဆဲပါ။
မီးသတ်ယာဉ်၆၀ခန့်ရောက်ရှိနေပါတယ် "ဟု၎င်းက ယနေ့ည ၈း၀၀ တွင်သတင်းပေးပို့သည်။

===

ဒီလှိုင်းဝင်း

PHOTO - AHN

Wednesday, October 19, 2016

အာရှ နှလုံးသား ဂျာနယ်( AHN ) အတွဲ ( ၁ ) အမှတ် ၉ ၊ ၁၉-၁၀-၂၀၁၆။

-တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံတွင် ၈၈၈၈  အရေးတော်ပုံအထိမ်းအမှတ်ကျောက်တိုင်စိုက်ထူ။

- အောင်စိုးမိုးကျော် အမြန်ရေယာဉ် တိမ်းမှောက်ရာတွင် အသက်
ဆုံးရှုံးခဲ့သူများအတွက် တစ်ဦးလျှင် ငွေကျပ် ၁ သိန်းစီထောက်ပံ့ပေးမည်

-သီတင်းကျွတ်လပြည့်နေ့ က ဥပုသ်စောင့်ပြီး ဘုန်းကြီးကျောင်းမှပြန်လာသည့်
အမျိုးသမီး ၅ ဦးအဖွဲ့ထဲမှ နှစ်ဦးကို အမျိုးသားတစ်ဦးက ဓါးထောက်လုယက်၊
အမျိုးသမီး တစ်ဦး ၏ လည်ပင်းကိုဓါးဖြင့်ထောက်ကာ အသက်အသေခံမလား၊
ဆွဲကြိုးပေးမှာလား ဟုပြောကာ လုယက်ခဲ့ဟုဆို

- မောင်တောမြို့ပေါ်အခြေအနေမှာ ပုံမှန်အခြေအနေနီးပါး ပြန်ဖြစ်လာ။

-ကျောက်မဲမြို့ရှိသုသာန်များပြောင်းရွှေ့မည်။

-ရေအနက် ၄ပေသာရှိသည့် ချောင်းတွင် ကန်စွန်းရွက်ဆင်းခူးရာမှ  ၁၁ နှစ် အရွယ်၅ တန်းကျောင်းသူတစ်ဦးရေနစ်သေဆုံး။

-အင်းသားဆုံဆည်းရာနေ့ကို အင်းသားအမျိုးသားနေ့အဖြစ် ပြောင်းလဲ သတ်မှတ်။

-အမျိုးသမီးမောင်းလာသည့်ကား ဆိုင်ကယ်ကိုဝင်တိုက်၊
ဆိုင်ကယ်ရောကားပါမြောင်းထဲထိုးကျ။

-RCSS ကတွေ့ဆုံညှိနှိုင်းရန်တောင်းဆိုလာပါက တွေ့ဆုံညှိနှိုင်းမည်ဟု TNLA ပြော။

-ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကို TNLA အပြင်းအထန်ရှုတ်ချ။

-တောင်ကြီးမြို့အိမ်တော်လမ်းတွင် အမည်မသိသူများက ဆိုင်းခန်းဆိုင်းဘုတ်များလာရောက်စိုက်ထူ

-သမ္မတကြီးကလည်း အင်းလေးခရီးစဉ်မှာငွေရေး၊ကြေးရေးကိစ္စမှာ ပွင့်လင်းမြင်သာရှိကြဖို့ အထူးတလည်မှာကြားထားပါတယ်..

(ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက် တာညီညီအောင်နှင့်တွေ့ဆုံခြင်း)

-(ပြည်သူတွေက facebook ကနေတင်ပြလာတာတွေကို လုပ်ပေးလို့ရတဲ့နည်းလမ်းရှိရင်လုပ်ပေးပါတယ်..)
လားရှိုးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦးနှင့်တွေ့ဆုံခြင်း/

-ပြင်ဦးလွင်မြို့နယ်ပြင်စာကျေးရွာတွင် ပုဂံခေတ်က ဟု ယူဆရသော အုတ်ရိုးဟောင်းတွေ့ရှိ။

-မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလျော့ကျ။

-တောင်ကြီးမြို့မီးပုံးပျံပွဲတော်ကာလတွင် ဟိုတယ်၊ တည်းခိုခန်း ခဈေးနှုန်းများ ၂ ဆ မှ ၃ ဆထိမြင့်တက်မည်။

-ရှမ်းပြည်နယ်လွှတ်တော်အတွင်း တန်းတူညီမျှ သတင်းရယူခွင့်ရှိရေးသတင်းသမားများတောင်းဆို။

-ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌဦးဖိုးမင်းနှင့်ဆက်သွယ်မေးမြန်းခြင်း။

စသည့်ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာသတင်းကောင်းများ။

=====

မြန်မာအပါအ၀င် အခြားနိုင်ငံတွေအတွက် ဘင်္ဂလားဒေ့ရှ်ဟာ အကြမ်းဖက်သမားတွေမွေးထုတ်ပေးတဲ့နေရာ မဟုတ်တော့ပါဘူး

( ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် နှင့် သီးသန့်တွေ့ဆုံခြင်း )

-မြန်မာ့သမိုင်းတွင် အရုပ်ဆိုး အကျဉ်းတန်ခဲ့သော နေ့တစ်နေ့ ( ၂) -လှစိုးဝေ။

-အနောက်ဘက်တံခါးဝ က ကျူးကျော်သူတို့ရဲ့ အန္တရာယ် ( မျိုးဆက်သစ်- ရှမ်းပြည်)

-ကိုတင့်တို့က ဆူညံနေမှ ကြိုက်တာ ( ၀င်းစံ)

-ဘူမိဘောအလွန်ထိုင်းနိုင်ငံရေးအခြေအနေ ( ဘမောင်- ဧရာဝတီ)

-သီတင်းကျွတ်ည (မောင်စိန်ဝင်း - ပုတီးကုန်း)

-ပြည်သူ့အုပ်ချုပ်ရေးနှင့် လူမှုဗေဒ ( မင်းရွှေမောင်)

-စမတ်ဖုန်းနဲ့ဆေးကုထုံးကို သုံးနိုင်ကြမလား ( ဦးသောင်းဝင်း- ပန်းချယ်ရီ)

-အနောက်ဘက်ဒေသက သွေးချင်းတို့ကို ကာကွယ်ပေးကြပါ ( ကံမောင်)

-အင်းလေးကန်အတွက်ထိရောက်စွာဆောင်ရွက်ပေးပါ ( အယ်ဖြူ)

-ခေါင်းမူးခြင်းနှင့်သွေးဖိအားနည်းခြင်းက သူငယ်ပြန်ခြင်းကိုဖြစ်ပေါ်စေနိုင်( နေအိမ်)

-အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ မှာ သွားရောက်ယှဉ်ပြိုင်ရမယ့် မေမြတ်နိုးခင်။

-မြန်မာပြည်က သီတင်းကျွတ် ( အယ်ဒီတာ့ အာဘော်)

-ပရီးမီးယားလိဂ် ပွဲစဉ် ( ၉ ) ပွဲကြိုသုံးသပ်ချက်။

-ဗေဒင်၊ အားကစား၊ အနုပညာ၊ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍစုံလင်စွာဖြင့် AHN ကို ယနေ့  ( ၁၉-၁၀-၁၆) နံနက်စောစောလူကြီးမင်းနှင့် အနီးဆုံးနေရာသို့ပို့ဆောင်ပေးထားပြီးဖြစ်ပါကြောင်းရိုသေလေးစားစွာ အသိပေးအကြောင်းကြားပါသည်ခင်ဗျား ။ လေးစားလျက် -စီမံခန့်ခွဲရေး အဖွဲ့ AHN
==

Monday, October 17, 2016

BREAKING NEWS ( ချင်းတွင်းမြစ်အတွင်း
သဘောင်္မှောက်သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီးဆက်သွယ်မေးမြန်းခြင်း)
==============
ကိန်းဂဏန်းကတော့ခုချိန်ထိ အတိအကျ မသိရသေးပါဘူး။သင်္ဘော စထွက်လာကတည်း က တက်သမျှခရီသည်အားလုံးကိုတင်တယ်လို့တော့ပြောတယ်။ခရီသည်တွေက ထပ်မတင်ပါနဲ့ ၊မတင်ပါနဲ့ လို့ပြောနေရင်းနဲ့တောင် ဆက်တင်တယ်လို့ပြောတယ်။ခုစီးလာတဲ့ စက်လှေက အခြေအနေမကောင်း ဘူးလို့တောင် စီးလာတဲ့ပြည်သူတွေက ဖေ့ဘွတ်ပေါ်တွေတင်ထားတာ အများကြီးရှိတယ်။အဲလို့ ပြောနေရင်းကြားထဲကနေဖြစ်သွားတာပေါ့။

===================

အထက်တန်းအခန်းတွေမှာ အိပ်ပျော်နေတဲ့ သူတွေရှိတယ်။သဘောင်္ပေါ်ကျန်ခဲ့တဲ့သူတွေပြောပြချက်အရကတော့ သဘောင်္ပေါ်မှာ လူ၃၀၀ကျော် ၄၀၀လောက်ပါလာတယ်။အသက်ရှင်ကျန်ခဲ့တာက ၁၀၀ကျော်လေးပဲကျန်ခဲ့တာ။သဘောင်္ထဲမှာ တစ်ဝက်ကျော် ကျော်လောက် ကျန်ရစ်ခဲ့အုံးလိမ့်မယ်လို့တော့ ပြောကြတယ်။အခုကတော့ ရေငုပ်ဝတ်စုံတွေရှိတဲ့ဒေ သတွေမှာ ရေငုပ်ဝတ်စုံတွေသွားငှားနေတယ်။အလောင်းတွေ မပုပ်ခင် အချိန်မှာ ဆယ်ယူနိုင်ဖို့ ကျွန် တော်ကိုယ်တိုင် စောင့်ပြီးဆောင်ရွက်နေပါတယ်။ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း စောင့်ပြီး ကြီး ကြပ်နေပါတယ်။

====

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီး၌ (၁၅-၁၀-၂၀၁၆) ရက်နေ့၊ (၀၅း၀၀) နာရီအချိန်တွင် ချင်းတွင်းမြစ်ကြောင်းအတွင်း ဟုမ္မလင်းမှ မုံရွာသို့ စုန်ဆင်းလာသော ခရီးသည် (၃၀၀) ဦးခန့် တင်ဆောင်လာသည့် အောင်စိုးမိုးကျော်အမြန်ရေယာဉ် တိမ်းမှောက်နစ်မြုပ်ခဲ့သည်။ယင်းအမြန်ရေယာဉ်နစ်မြုပ်သည့်နေရာတွင်ရောက်ရှိကူညီနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၊ ကနီမြို့နယ် အမတ် ဦးထွန်းထွန်းဝင်းကို ယနေ့ (အောက်တိုဘာလ၁၅ရက်) ညနေပိုင်းက ဆက်သွယ်မေးမြန်းထားသည်များကိုပြန်လည်ဖော်ပြပေးလိုက်ပါသည်။

===

 AHN။  ။ချမ်းတွင်းမြစ်ကြောင်းမှာ ဒီမနက် ၅နာရီးအချိန်က အောင်စိုးမိုး ခရီးသည်တင်ရေယဉ် နစ်မြုပ်သွားတာ နဲ့ပတ်သတ်ပြီး လက်ရှိအခြေအနေလေးပြောပြပေးပါ။

ဖြေ။    ။အခုဒီမှာ ၁၅၀ကျော်လောက် ကယ်ဆယ်ထားတယ်။အလောင်းကတော့ လေးလောင်းတွေ့ ထားတယ်။နောက်ပြီးပျောက်ဆုံးသွားတဲ့ပြည်သူတွေကလည်း ၁၅၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။မော်တော်က အောက်ထဲကို ထိုးမြုပ်သွားတာဖြစ်တဲ့အတွက် အောက်ထဲကိုပါသွားတာ ဖြစ်မယ်လို့ထင် ပါတယ်။မော်တော်က မြုပ်တာမနက် ၅နာရီခွဲအချိန်လောက်ဆိုတော့ အိပ်ကောင်းတဲ့ အချိန်ဖြစ်တယ်။အထက်တန်း ခန်းမှာ စီးတဲ့သူတွေကတော့ အားလုံးပါသွားမယ်လို့ထင်ပါတယ်။

AHN။  ။အဲလို့သင်္ဘောနစ်မြုပ်တာ ဘာကြောင့်နစ်မြုပ်သွားတယ်ဆိုတာရော သိထားပြီးလား။

ဖြေ။    ။အိုဘာဝိတ်များလို့ဒီလို့ဖြစ်တာလို့တော့ သင်္ဘောပေါ်ပါလာတဲ့သူတွေက ပြောတယ်။အိုဘာ ၀ိတ်များတဲ့ အတွက် စောင်းပြီးကွေ့လိုက်တဲ့ အချိန်မှာ ဝေါဆိုထိုးမြုပ်သွားတာဖြစ်တယ်။ ခရီးသည် ၁၅၀လောက် ကယ်ဆယ်လိုက်နိုင်တယ်ဆိုတာ တစ်ချက်ကကမ်းနဲ့နီုးလို့၊နောက်တစ်ချက်က ရွာနဲ့နီးလို့ ကယ်လိုက်နိုင်တာဖြစ်တယ်။ရွာနဲ့လည်းမနီးဘူး၊ကမ်းနဲ့ လည်းမနီးဘူးဆိုရင်တော့ သင်္ဘော ပေါ်ပါလာတဲ့သူတွေက ကယ်မဲ့သူမရှိဖြစ်သွားနိုင်တယ်။

AHN။  ။ဆရာတို့အနေနဲ့ ခုရရှိထားတဲ့သတင်းအချက်အလက်အရဆိုရင် သင်္ဘောပေါ်ပါလာတဲ့ပြည်သူ တွေက အမျိုးသမီး အမျိုးသား ဘယ်နှစ်ဦးလောက်ပါလဲ။

ဖြေ။    ။ကိန်းဂဏန်းကတော့ခုချိန်ထိ အတိအကျ မသိရသေးပါဘူး။သင်္ဘော စထွက်လာကတည်း က တက်သမျှခရီသည်အားလုံးကိုတင်တယ်လို့တော့ပြောတယ်။ခရီသည်တွေက ထပ်မတင်ပါနဲ့ ၊မတင်ပါနဲ့ လို့ပြောနေရင်းနဲ့တောင် ဆက်တင်တယ်လို့ပြောတယ်။ခုစီးလာတဲ့ စက်လှေက အခြေအနေမကောင်း ဘူးလို့တောင် စီးလာတဲ့ပြည်သူတွေက ဖေ့ဘွတ်ပေါ်တွေတင်ထားတာ အများကြီးရှိတယ်။အဲလို့ ပြောနေရင်းကြားထဲကနေဖြစ်သွားတာပေါ့။

AHN။  ။သင်္ဘောမောင်းတဲ့သူတွေကိုရော လက်ရှိမှာ ဘယ်လို့ မျိုး ဆောင်ရွက်ထားလဲဆိုတာပြောပြ ပေးပါ။

ဖြေ။    ။စက်လှေပေါ်မှာကတော့မောင်းတဲ့ သူအပါအ၀င် ၅ယောက်ပါ ပါတယ်။မောင်းတဲ့သူကိုတော့ မမိသေးဘူး။သေသွားပြီးလား၊ထွက်ပြေးနေလားတော့ မသိရသေးဘူး။ကျန်ခဲ့တဲ့လေးယောက်ကိုတော့ စလင်မြို့နယ် ကင်းကျေးရွာ အုပ်စုရဲစခန်းမှာ ချုပ်ထားပါတယ်။



AHN။  ။လက်ရှိအချိန်မှာ ကယ်ဆယ်ထားတဲ့ ပြည်သူတွေကိုကျပ် နှစ်သောင်းစီ ထောက်ပံထားတယ်လို့ သိရတယ်။အဲ့ဒိအခြေအနေလေးသိပါရစေ။

ဖြေ။    ။အခုနှစ်သောင်းစီထောက်ပံတယ်ဆိုတာ ကျန်ရှိနေတဲ့သူတွေကိုထောက်ပံတာဖြစ်တယ်။အသ က်သေဆုံးသွားတဲ့သူတွေကိုတော့ နောက်မှ ဘယ်လို့ထောက်ပံ့မယ်ဆိုတာတော့ မသိသေးဘူး။

AHN။  ။သေသွားတဲ့ ပြည်သူတွေကိုရော လက်ရှိအခြေအနေမှာ ဘယ်လို့မျိုးဆောင်ရွက်ထားလဲ။

ဖြေ။    ။သေသွားတဲ့ပြည်သူတွေကိုတော့ သက်ဆိုင်ရာ ကျေးရွာတွေကိုပို့ပေးမယ်။ကျန်ရစ်ခဲ့တဲ့သူတွေ ကိုလည်း သက်ဆိုင်ရာ ဒေသကို ပြန်ချင်တယ်ဆိုရင်ပြန်လိုက်ပို့ပေးမှာဖြစ်ပါတယ်။ဒါပေမဲ့အခုက ဘယ် လိုဖြစ်နေလည်းဆိုတော့ မော်တော်လည်း မစီးရဲဘူး ၊ကားလည်းမစီးရဲဘဲ ကြောက်အားတွေကြီးနေကြ တယ်။

AHN။  ။မပြန်ရဲဘူးဆိုတော့ သူတို့အတွက် နေထိုင်စားသောက်ဖို့ အတွက်ရော ဘယ်မျိုးတွေ ဆောင် ရွက်ပေးထားလဲ။

ဖြေ။    ။ခုကတော့ ကယ်ဆယ်ရေးစခန်းသုံးခုဖွင့်ထားပေးပါတယ်။ မိချောင်းသွန်းကျေးရွာဘုန်းကြီးေ ကျာင်းရယ်၊ ကင်းကျေးရွာဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းရယ်၊ကင်းဆေးရုံးကယ်ဆယ်ရေးစ ခန်းရယ်သုံးခုဖွင့်ပေးထားတယ်။ခုတော့ ပြည်သူတွေက အဲ့ဒီကယ်ဆယ်ရေးစခန်း သုံးခုမှာပဲ သောင်တင် နေပါတယ်။

AHN။  ။သင်္ဘောနစ်မြုပ်သွားတဲ့ အထဲပါသွားတဲ့ ပြည်သူတွေကို ဆယ်ယူဖို့ အတွက်ကရော လက်ရှိ ဘယ်လို့မျိုးတွေ ဆောင်ရွက်ထားလဲ။

ဖြေ။    ။ဒေသခံပရဟိတအဖွဲ့တွေ၊ဌာနဆိုင်ရာ ရဲတပ်ဖွဲ့တွေ ၊မီးသတ်တပ်ဖွဲ့တွေပူးပေါင်းပြီးဆယ်ယူ နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ နောက်ပြီး အနောက်တောင်ပိုင်းစစ်ဌာနချုပ်တိုင်းမှူးလည်းလာသွားတ တယ်။စစ်ကိုင်းတိုင်းဝန်ကြီးချူပ်လည်းလာသွားတယ်။

AHN။  ။ခုသိရသလောက်ဆို သင်္ဘေပေါ်စီးတဲ့ခရီးသွားပြည်သူတွေက လက်မှတ်နဲ့စီးတာ တစ်ဝက် လောက်ပဲပါတယ်လို့ သိထားတယ် အဲ့ဒါရောဟုတ်ပါသလား။

ဖြေ။    ။ဟုတ်ပါတယ် ။လက်မှတ်နဲ့စီးတဲ့ ခရီးသည်က ၁၈၆ ယောက်လောက်ပဲရှိပါတယ်။ကျန်တဲ့သူ တွေကတောု့လက်မှတ် မပါဘူးပေါ့။အဲဒါကလည်း ဒီဒေသမှာပ ထုံးစံလို့ဖြစ်နေတာပေါ့။

AHN။  ။အဲမှာဆွဲတဲ့ သင်္ဘေလိုင်းတွေကရော ဘယ်နှစ်လိုင်းလောက်ရှိလဲ

ဖြေ။    ။အဲဒါတော့ အတိအကျမသိပါဘူး။သင်္ဘောလိုင်းတွေကတော့ အများကြီးရှိပါတယ်။

AHN။  ။ဒီလို့ဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် အနေနဲ့ ဘယ်လို့မျိုး တွေ ဆက်လက်ဆောင်ရွက်သွားဖို့ရှိလဲ။

ဖြေ။    ။ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကတော့ အဲလို့စည်းကမ်းကမ်းမဲ့ မော်တော်ယာဉ်တွေကို ပိုပြီးတော့ ကြီးကြပ်သွားမယ်။လိုအပ်ရင် ဥပဒေတွေ၊နည်းဥပဒေတွေ ပြင်ဆင်ခွင့် ရှိရင်လည်းပြင်းဆင်ပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမှာဖြစ်တယ်။အခုကတော့ စည်းမဲ့ ကမ်းမဲ့လုပ်နေသလို့ဖြစ်နေတာပေါ့။သိပ်မကြားသေးခင်က ဒီနှစ်ထဲမှာပဲ မော်တော်တစ်စင်း နစ်မြုပ်သေးတယ်။အရင်နှစ်တုန်းကလည်း မော်တော်တစ်စင်နစ်မြုပ်ပြီး လူတွေသေမှု ကျွန်တော်တို့ မြို့နယ်ထဲမှာပဲတစ်ကြိမ်ဖြစ်သွားသေးတယ်။အခုကတော့ အဲလိုတွေထပ်မဖြစ်အောင် ဥပဒေတွေ ပြဌာန်းပြီး ပြတ်ပြတ်သားသားလုပ်ဖို့ အချိန်တန်နေပါပြီး။ချင်းတွင်းမြစ်ရိုးတစ်လျှောက်မှာ သင်္ဘောတွေ နစ်မြုပ်ရတဲ့အဓိက အကြောင်းအရင်းကတော့ ရေယာဉ်စည်းကမ်းတွေတိတိကျကျမလိုက်နာလိုဖြစ်ရ တာ။လူတွေကိုတင်ချင်သလောက်တင်ပြီး တိကျရေရာတဲ့ ကြီးကြပ်မှုတွေအားနည်းခဲ့လို့ဒီလို့ဖြစ်ရတာ ပါ။

AHN။  ။ဒီကိစ္စနဲ့ပတ်သက်ပြီး တိကျပြတ်သားတဲ့ ဥပဒေတွေ နည်းဥပဒေတွေ ပြဌာန်းပေးဖို့အတွက် ရော လွှတ်တော်ကို တင်ပြဆွေးနွေးသွားဖို့ရှိလား။

ဖြေ။    ။ဒါနဲ့ပတ်သက်ပြီး ခုဝန်ကြီးချုပ်လာတော့ ၀န်ကြီးချုပ်နဲ့စကားပြောဖြစ်ပါတယ်။ဥပဒေမှာပါလို့ရှိ အဲ့ဒီဥပဒေတွေကို တိုးချဲ့သင့်ရင်တိုးချဲ့မယ်။ပြင်ဆင်သင့်ရင် ပြင်ဆင်မယ်လို့ပြောပါတယ်။လိုအပ်ရင် လို အပ်သလို့ လွတ်တော်မှာ ဆွေးနွေးပါလို့ပြောတယ်။ကျွန်တော်တို့ကလည်း မော်တော်ယာဉ်နဲ့ပတ်သက် တဲ့စည်းကမ်းဥပဒေတွေ ကိုဆက်ပြီးလေ့လာပြီး အားနည်းချက်တွေကို လွတ်တော်မှာ ဆွေးနွေးသွားဖို့ တော့ အစီအစဉ်တွေဆွဲထားပါတယ်။

AHN။  ။အရင်ကလည်း ဒီလိုဖြစ်စဉ်တွေဖြစ်ခဲ့ဖူးတယ်ဆိုတော့ အစိုးရအဆက်ဆက်က ဥပဒေတွေ နည်းဥပဒေတွေကို အကောင်အထည်ဖေါ်ဆောင်ရွက်မှုအားနည်းမှုကြောင့်ဖြစ်တယ်လို့ပြောလို့ရမ လား။

ဖြေ။    ။ဖြစ်နိုင်ပါတယ်။ခုဟာကတော့ ကျွန်တော်တို့ မော်တော် တစ်စင်းမြုပ်ပြီးဆိုတာနဲ့ တိုင်းဒေသကြီးဝန်ကြီးတွေရော ၊ညွန်းမှူးတွေရော ချက်ချင်းပဲ ဖြစ်ပျက်သွားတဲ့နေရာကိုရောက်လာ တယ်။ရောက်လာပြီး ကာယခံရှင် ကျန်ရစ်သူတွေကိုလည်း ကျွန်တော်တို့ အားပေးစကားတွေပြော တယ်။နောက်ပြိး တတ်နိုင်သလောက်လည်း တိုင်းဒေသာကြီးလူကယ်ပြန်ကနေပြီးတော့ တစ်ယောက် နှစ်သောင်းစီ ကူညီထောက်ပံမှုတွေပြုတယ်။ဝန်ကြီးချုပ်ကိုယ်တိုင်းကလည်း ဒီကိစ္စကို တက်တက်ကြွ ကြွနဲ့ ဆောင်ရွက်မယ်လို့ပြောသွားတယ်။အရင်နဲ့တော့ မတူဘူးလို့တော့ ယူဆရတာပေါ့။

AHN။  ။အခုက သင်္ဘောဆယ်ယူဖို့အတွက် ဘယ်လို ဆောင်ရွက်ထားလဲဆိုတာသိပါရစေ။

ဖြေ။    ။ရေကတော်တော်နက်တယ်။သင်္ဘောကလည်း သံခွံကြီးဆိုတဲ့အခါကြတော့ ပြန်ဆယ်ဖို့ဆိုတာမ လွဲဘူး။သင်္ဘောမှာက အထက်တန်းအခန်းတွေပါတယ်။အထက်တန်းအခန်းတွေမှာ အိပ်ပျော်နေတဲ့ သူတွေရှိတယ်။သဘောင်္ပေါ်ကျန်ခဲ့တဲ့သူတွေပြောချက်အရကတော့ သဘောင်္ပေါ်မှာ လူ၃၀၀ကျော် ၄၀၀လောက်ပါလာတယ်။အသက်ရှင်ကျန်ခဲ့တာက ၁၀၀ကျော်လေးပဲကျန်ခဲ့တာ။သဘောင်္ထဲမှာ တစ်ဝက်ကျော် ကျော်လောက် ကျန်ရစ်ခဲ့အုံးလိမ့်မယ်လို့တော့ ပြောကြတယ်။အခုကတော့ ရေငုပ်ဝတ်စုံတွေရှိတဲ့ဒေ သတွေမှာ ရေငုပ်ဝတ်စုံတွေသွားငှားနေတယ်။အလောင်းတွေ မပုပ်ခင် အချိန်မှာ ဆယ်ယူနိုင်ဖို့ ကျွန် တော်ကိုယ်တိုင် စောင့်ပြီးဆောင်ရွက်နေပါတယ်။ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း စောင့်ပြီး ကြီး ကြပ်နေပါတယ်။

AHN။  ။ ဒီလို့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူလူထုသိသင့်သိထိုက်တဲ့ အချက်တွေရှိရင် ပြောပေးပါ။

ဖြေ။    ။နောင်ကို ကျွန်တော်တို့ ဒီလို့ပြသနာမျိုးတွေ မကြုံရအောင် ဥပဒေအားနည်းချက်တွေရှိရင် ဥပဒေကိုပြင်မယ်။ယာဉ်စည်းကမ်းတွေ မော်တော်ယာဉ်စည်းကမ်းတွေကို လိုအပ်ရင်လို့အပ်သလို့ ပြုပြင်ပြောင်းလည်းမှုတွေ အချိန်နဲ့တပြေးညီလုပ်မယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့လည်း အမှန်တကယ် နစ်နာသူတွေကို အသေးစိတ် စနစ်တကျစာရင်းကောက်ပြီးတော့ ကူညီကယ်ဆယ်ရေးတွေလုပ် ဆောင်သွားမှာပါ။ဒီလိုမျိုးနောက်ထပ်မဖြစ်ရအောင် အချိန်ယူပြီးပြုပြင်ပြောင်းလည်းမှုတွေကိုလုပ် ဆောင်သွားမှာပါ။ခုက ၀န်ကြီးချုပ်ရော လွတ်တော်ကိုယ်စားလှယ်တွေက ရော မျက်ဝါးထင်ထင်မြင် သွားပြီးဆိုတော့အင်းတိုက်အားတိုက်လုပ်ဆောင်သွားဖို့စိုင်းပြင်းနေပါတယ်။

AHN။  ။ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူတင်ပါတယ်။

===

ရဲထက်ကျော်၊ နန္ဒကိုကို ( AHN)

===

PHOTO BY - Thein Winn Oo

သဘောင်္နစ်မြုပ်သည့်နေရာနှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေသည့် တပ်မတော်သားများ။

Friday, October 14, 2016

BREAKING  NEWS

နိုင်ငံတော်အတွင်း လက်ရှိဖြစ်ပေါ်နေသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အထူး အစည်းအဝေး ကျင်းပ

=====

နေပြည်တော်၊ အောက်တိုဘာ ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လက်ရှိဖြစ်ပေါ်နေသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အထူးအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီခွဲအထိ နိုင်ငံတော်သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်တွင် ကျင်းပသည်။

အစည်းအဝေးတွင်-
■ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အခြေအနေ၊ အကြမ်းသမားများ၏ ဆောင်ရွက်ချက်နှင့် နောက်ခံ အကြောင်းအရာများ၊ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

၎င်းအပြင် -

■ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ အခြေအနေ၊

■ NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သည့ှ်SSA အဖွဲ့၏ ဆောင်ရွက်ချက်များ၊

■ "ဝ" အထူးဒေသ(၁)နှင့် အထူးဒေသ(၄) မိုင်းလားတွင် ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊

■ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား တိုက်ပွဲဝင်အသင့် စွမ်းရည်မြှင့်တင်ရေး အတွက် ဆောင်ရွက်မည့် အစီအမံများကိုလည်း ဆွေးနွေးကြသည်။

အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နိုင်ငံတော်အတိုင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ တက်ရောက်ကြသည်။

===

AHN

SOURCE ; Myanmar President Office


Thursday, October 13, 2016

ထိုင်းဘုရင်​နတ်​ရွာစံ

ထိုင်းဘုရင်ကြီး နတ်ရွာစံ

==

ဘန်ကောက်၊ အောက်တိုဘာ ၁၃ ။

ကမ္ဘာ့နန်းတက်အရှည် ဆုံး ဘုရင်ကြီးတစ်ပါးဖြစ်သည့်  အသက် ၈၈ နှစ် အရွယ် ထိုင်းဘုရင်ကြီး ဘူမိဘော (  Bhumibol Adulyadej) သည် ယနေ့အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဘန်ကောက်မြို့`၌ နတ်ရွာစံသွားခဲ့ပြီဖြစ်ကြောင်း အောက်တိုဘာ၁၃ ရက် BBC သတင်းတွင်ဖော်ပြသည်။

ထိုင်းဘုရင်ကြီးသည် နန်းတက် ၇၀ ရှိဘုရင်ကြီး တစ်ပါးဖြစ်ပြီး ပြီးခဲ့သည့် နှစ်အနည်းငယ် မှစ၍ ကျန်းမားရေးချို့တဲ့ လာခဲ့ခြင်းဖြစ်ကြောင်း BBC သတင်းတွင်ဖော်ပြသည်။

==

AHN

PHOTO - BBC

Tuesday, October 11, 2016

အကြမ်းဖက်သောင်းကျန်းသူများ စီးနင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့်
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ကိုးဦး၏ရုပ်အလောင်းများကို မောင်တောမြို့ သုသာန်တွင် အခမ်းအနားဖြင့်
မြေမြုပ်သဂြိုလ်

==

မောင်တော၊ အောက်တိုဘာ ၁၁ ။

မောင်တောနယ်စပ်အခြေစိုက် နယ်ခြားစောင့်ရဲဌာနချုပ်နှင့် စခန်းနှစ်ခုကို
အောက်တိုဘာ ၉ ရက် ညအချိန်က အကြမ်းဖက်သောင်းကျန်းသူများ
စီးနင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင် ကိုးဦး၏
ရုပ်အလောင်းများကို မောင်တောမြို့ သုသာန်တွင် အခမ်းအနားဖြင့်
မြေမြုပ်သဂြိုလ်လိုက်ပြီဖြစ်ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးက AHN သို့ ပြောသည်။

အကြမ်းဖက်သောင်းကျန်းသူများ စီးနင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့်
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ကိုးဦးကို မောင်တောမြို့နယ် ပြည်သူ့ဆေးရုံတွင်
စစ်ဆေးခဲ့ပြီးနောက် နှစ်ရက်အကြာ အောက်တိုဘာ ၁၁ ရက် ညနေ ၎
နာရီကျော်ခန့်တွင် သဂြိုလ်ခဲ့ခြင်းဖြစ် သည်ဟုလည်း ၄င်းကဆိုသည်။

ကျဆုံးခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ သဂြိုလ်သည့် အခမ်းအနားသို့
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုတိယရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦး အပါအ၀င်
အရာရှိ၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ
လိုက်ပါပို့ဆောင်ခဲ့ကြကြောင်းလည်း ၄င်းကပြောသည်။

“ကျဆုံးရဲတပ်ဖွဲ့ဝင်များအခမ်းအနားမှာ နိုင်ငံတော်အလံကို အလေးပြုတာ၊
ကျဆုံးတပ်ဖွဲ့ဝင်တွေကို ခရာမှုတ်အလေးပြုတာတွေ ဆောင်ရွက်ခဲ့ပါတယ်”ဟုအခြားသော
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အောက်တိုဘာ ၉ ရက် နံနက် ၁ နာရီကျော်တွင် မောင်တောမြို့နယ်
ကျီးကန်းပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲဌာနချုပ်အပါအ၀င်
ငါးခူရနယ်ခြားစောင့်ရဲစခန်း၊ ကိုးတန်ကောက်နယ်ခြားစောင့်ရဲစခန်းမှ
တပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း၊

ယင်းအပြင် နယ်ခြားစောင့်ရဲစခန်းများမှ လက်နက်မျိုးစုံ ၅၀ ကျော်နှင့်
ကျည်ဆံ တစ်သောင်းကျော်လည်း ဆုံးရှုံးခဲ့ရကြောင်း၊

အဆိုပါ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် နယ်စပ်ဒေသလုံခြုံရေးကို
တိုးမြှင့်ထားပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို တပ်မတော်နှင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြင့် ဆောင်ရွက်နေကြောင်း
မောင်တောမြို့ခံတစ်ဦးကပြောသည်။

==

ကံမောင်

PHOTO - AHN
The Asia Heart News ( AHN) Vol-1-Issue 8? 12-10-2016၊
မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ၊ သမ္မတ ကြီး စ၀်ရွှေသိုက် ဟော်နန်းကို၊ မြန်မာနိုင်ငံ၏ န၀မမြောက်သမ္မတကြီးဦးထင်ကျော်လာရောက်လေ့လာ

(သမ္မတကြီးဦးထင်ကျော်ဟာ ညောင်ရွှေမှာနေထိုင်သွားတဲ့ နှစ်ရက်တာ အတွက် ဟိုတယ်အခန်းခ၊ ဟော်နန်းထဲဝင်တဲ့ ၀င်ကြေး၊ ဘုရားရွှေသင်္ကန်းကပ်တဲ့ ရွှေဆိုင်းအတွက်ကျသင့်ငွေ၊ စတဲ့ ကုန်ကျစရိတ်ငွေတွေကို သမ္မတကြီးရဲ့ကိုယ်ပိုင်ငွေနဲ့ပဲရှင်းပေးသွားခဲ့တာပါ….)


- TNLA ပေါ်ထွက်လာပြီးတဲ့နောက်ပိုင်း နည်းနည်းနားလည်မှုလွဲနေတာလေးတွေကို တကယ့်ညီ အစ်ကိုမောင်နှမရင်းချာစိတ်ဓါတ်၊ ရှမ်းပြည်စိတ်ဓါတ်နဲ့ကျွန်တော်တို့ တွေ့ဆုံညှိနှိုင်းသွားကြမယ်ဆိုရင်
 ပြသနာတွေကို မဖြေရှင်းနိုင်စရာအကြောင်းမရှိပါဘူး. လို့ပြောချင်ပါတယ်….
(RCSS / SSA ၏ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းငင်းနှင့်တွေ့ဆုံမေးမြန်းခြင်း)

-အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်း၊ ဘင်္ဂါလီအချို့ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်များလုယူ

-နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း ကို အကြမ်းဖက်သမားများက ၀င်ရောက်တိုက်ခိုက်၊ တပ်မတော်ကပြန်လည်ပစ်ခတ်၍ အကြမ်းဖက်သမား ( ၇ ) ဦးသေဆုံး၊ ၄ ဦးကိုဖမ်းမိထား။

-ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၇ ဧပြီလ ၁ ရက်နေ့တွင်ပြုလုပ်မည်။

-အခပ်အခဲကြုံနေရသည့်ကာလများတွင်မြန်မာနိုင်ငံ နှင့် အတူတကွ ရပ်တည်လျက်ရှိကြောင်း ဥရောပသမဂ္ဂသတင်းထုတ်ပြန်။

-အကြမ်းဖက်သမားများဖမ်းဆီးနိုင်ရေးအတွက် ကူညီပေးနိုင်ရန် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက မြန်မာတာဝန်ရှိသူနှင့်ဆွေးနွေး။

-အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသော ရဲတပ်ဖွဲ့ဝင် ၉ ဦးကို မောင်တော် တွင် အခမ်းအနားဖြင့် မြေမြုပ် သဂြိ င်္ုလ်။

-လမ်းချော်ပြီး ကား သုံးစင်းတိုက် ။

-တရားရုံးထုတ်စဉ်ထွက်ပြေးသော အချုပ်သားများကို ၂၄ နာရီအတွင်းဖမ်းဆီးရမိ။

- တောင်ကြီးမြို့ တောင်ပေါ်ရှိ ၊ရွှေမုဋ္ဌော ရပ်တော်မူဘုရားအနီးတွင် ရှုခင်းကြည့်သည့် လူငယ်တစ်ဦး တောင်အောက်သို့ပြုတ်ကျ

-စစ်ရှောင်ပြည်သူ တစ်သိန်းနှစ်သောင်းကျော် စားနပ်ရိက္ခာဖြတ်တောက်ခံရ။

-အင်းလေးဖောင်တော်ဦးဘုရားတွင်ကျောင်းဆောင်အသစ်ဆောက်လုပ်မည်။

-ဖွံ့ဖြိုးရေးရန်ပုံငွေ ခွဲဝေယူသည့်ကိစ္စနှင့်ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်။

-အင်းတိုင်းရင်းသားများကို ရုပ်တု ထုလုပ်၍ ဂုဏ်ပြု။

-ငမိုးရိပ်ချောင်းတံတားတည်ဆောက်နိုင်ရေး ကွင်းဆင်းလေ့လာမည်။

=မဟာသန္တီသုခ ကျောင်းတိုက်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အစိုးရက အထူးစုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပေးရန်တောင်းဆိုမည်။

-Miss Universe Myanmar 2017 ဆုရှင် ဇွန်သံစဉ်နှင့်တွေ့ဆုံခြင်း။

စသည့်ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာသတင်းကောင်းများ။

မြန်မာ့သမိုင်းတွင် အရုပ်ဆိုး အကျည်းတန်ခဲ့သော နေ့တစ်နေ့( လှစိုးဝေ)

(ဒေါသအိုးအကြီးအကျယ်ပေါက်ကွဲနေတဲ့ ဦးနေ၀င်းရဲ့ အမိန့်နဲ့ ချက်ချင်းဆိုသလို၊ ရန်ကုန်ရှိတပ်ရင်း ၂ ရင်းက မြောက်ကိုရီးယား သံရုံး ပတ်ပတ်လည်ကို ၀ိုင်းရံလိုက်ပါတယ်။ဤသည်ကားဦးနေ၀င်း၏ အမြော်အမြင်အရှိဆုံးလုပ်ရပ်တစ်ခုဖြစ်သွားခဲ့ပါတယ်……)

-ထိုးစစ်ရပ်ဖို့တောင်းဆိုသလို NCA လက်မှတ်ထိုးဖို့လည်းတိုက်တွန်းပါ။-( မျိုးဆက်သစ်- ရှမ်းပြည်)

-ရခိုင်ပြည်နယ်အရေးကို ငြိမ်းချမ်းပြတ်သားစွာဖြေရှင်းနိုင်ဖို့လို ( အယ်ဒီတာ့ အာဘော်)

-အင်းလေးကန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြခန်းမှ မသူဇာခိုင် နှင့်တွေ့ဆုံခြင်း။

-သတင်းသမားနှင့် သတိပြုရမည့် စိတ်မနော နှင့် ဘ၀င်မြင့်မှု ( စိုးမင်းဦး)

-စမတ်ကျကျ အသုံးချနိုင်မယ့် မျက် မှန်လေးများ ( ဦးသောင်းဝင်း - ပန်းချယ်ရီ)

-ကိုတင့်တို့ရဲ့ဝင်ငွေနဲ့လစာငွေများ ( ၀င်းစံ)

-ပြည်သူ့အုပ်ချုပ်ရေး နှင့် စီးပွားရေးက ဏ္ဍ ( မင်းရွှေမောင်)

-ခဏ ခဏ ဇာတ်လမ်းတွဲ ( မောင်မှန်)

-မြန်မာ့ဘောလုံးနဲ့ကျော်ကိုကို( ရဲရင့်ဌေး)

-အဆီ အစိမ့် ကြိုက်ရတဲ့ အကြောင်းအရင်း (ကျန်းမရေးဆောင်းပါး ) နေအိမ်

-ဖုန်း ( သို့ မဟုတ်) ဆယ်ကျော်သက်တို့ အတွက် အကောင်းဆုံး အဖော်မွန် ( ရဲထွဋ်သိန်း)

-GOOGLE ရဲ့ ပထမဆုံးဖုန်း ။

-တစ်ပတ်အတွင်း ကမ္ဘာ့သတင်း( မိုးဦးထွန်း)

-ဂျပန်နိုင်ံ အနေဖြင့် ပြည်ပမှ လာသူတွေကို တိုးမြင့်လက်ခံတော့မည်လော ( ဘမောင်)

-မြသန်းတင့် - လမင်းကိုထရံပေါက်မှ ကြည့်ခြင်း။

ဗေဒင်၊ အနုပညာ၊ ပြည်တွင်း၊ ပြည်ပ အားကစား၊ ပရီးမီးယားလိဂ် ပွဲစဉ် ၈ - ပိုကြိုသုံးသပ်ချက်၊ နိုင်ငံတကာသတင်း စသည်ဖြင့် သုတ၊ ရသစုံလင်စွာပါဝင်သော အာရှနှလုံးသားဂျာနယ် အတွဲ ( ၁) အမှတ်( ၈) ကို ယနေ့ (အောက်တိုဘာလ ၁၂ ရက် ) နံနက်စောစောတွင် လူကြီးမင်း နှင့် အနီးစပ်ဆုံးနေရာသို့ပို့ဆောင်ပေးထားပြီးဖြစ်ပါကြောင်း ရိုသေလေးစွာ အသိပေးအကြောင်းကြားပါသည်ခင်ဗျား။ လေးစားလျက် - စီမံခန့်ခွဲရေး အဖွဲ့ = AHN

Asia heart news CARTOON











ပြည်သူလူထုဖြစ်စေချင်သည့်အတိုင်း တသွေမတိမ်းလုပ်ဆောင်ပေးသွားမည်ဟု RCSS/ SSA ပြော

==

တောင်ကြီး၊ အောက်တိုဘာ ၆ ။

တောင်ကြီးမြို့ရှမ်းစာပေနှင်ယဉ်ကျေးမှုခန်းမတွင် RCSS/SSA ရှမ်းပြည် ထူထောင်ရေးကောင်စီကပြုလုပ်သောလူထုတွေ့ဆုံပွဲကို အောက်တိုဘာလ ၆ ရက်(ယနေ့)နံနံနက် ၉နာရီမှညနေ၅နာရီထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး လူထု ဖြစ်စေချင်သည့်အတိုင်းတသွေမတိမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း RCSS/SSA ရှမ်းပြည်ထူထောင်ရေးကောင်င်္စီ ရှမ်းပြည်တပ်မတော်ဗဟို ကော်မတီဝင်၊ ငြိမ်းချမ်းရေးဆွေးနွေးရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးစိုင်းငင်းက အဆိုပါအခမ်းအနားတွင် AHNသို့ပြောသည် ။

    "ကျွန်တော်တို့အဖွဲ့အစည်းမူဝါဒအရ လူထုတွေ့ဆုံပွဲလုပ်တာဖြစ်ပါတယ်။    ဒီ ၁၅ရက်အတွင်းမှာ လူထုနဲ့တွေ့ဆုံကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ ။ အဓိကက ကျွန်တော်တို့ပေါ်လစီ ၆ချက်ထဲမှာ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတဲ့အချက်ပါပါတယ်။ အခုပြောနေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခြေခံတယ်။  ပထမချက်က RCSS/SSAရဲ့ပေါ်လစီ ကို  ချပြမယ်။ နောက်တစ်ချက်က အစိုးရနဲ့ ပူးတွဲပြီးဖော်ဆောင်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပြောမယ်။   ၅နှစ်တာ ကာလတွင်းမှာ RCSS/SSAက ဘာတွေလုပ်ဆောင်ခဲ့တယ်၊ ဘယ်လိုပူးပေါင်းဆောင်ရွက်ခဲ့တယ်၊ ဘယ်လိုအကျိုးအမြတ်တွေရတယ် ဘယ်လို အထစ်အငေါ့ တွေရှိတယ်၊ အကောင်အထည်မဖော်နိုင်သေးတာ တွေရှိတယ် ဆိုတာ ပြည်သူလူထုကိုချပြမယ် ။ရှင်းပြမယ် ၊ နေပြည်တော်မှာလုပ်သွားတဲ့ ၂၁ရာစုပင်လုံညီလာခံ မှာပါဝင်တက်ရောက်ခဲ့တဲ့အတွက် ညီလာခံမှာ ဘာတွေဆွေးနွေးတယ်ဆိုတာရှင်းပြမယ် ။ အစိုးရနဲ့အပစ်အခတ်ရေးထိုးပြီးတဲ့နောက် လူထုဆက်ဆံရေးရုံးတွေဖွင့်တယ်။  ရုံးတွေရဲ့လုပ်ငန်းအကြောင်းကိုလည်းရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။   NCAအရ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် မှုအဖွဲ့JMC မှာလည်း ကျွန်တော်တို့အဖွဲ့က တာဝန်ရှိသူတွေပါ ပါတယ် ။  အဲဒီအကြောင်းတွေ လည်းရှင်းပြမယ်။ ” ဟုဒုတိယဗိုလ်မှူးကြီးစိုင်းငင်းကပြောကြောင်း ယင်းအခမ်းအနားတွင်တက်ရောက်သတင်းရယူနေသည့် AHN သတင်းထောက်များက ယနေ့ နေ့လယ်ပိုင်းတွင် သတင်းပေးပို့သည်။

==

နွယ်လေး
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်  ဦး ဇော်ဝင်း
 ဒေါက်တာ ဉာဏ်ဇော်၊ ဒေါက်တာ ဒေါ်သန်းနွဲ့ နှင့် ဒေါ်မြမြ တို့
ရာထူးမှ နှုတ်ထွက်

===

နေပြည်တော် ၊ အောက်တိုဘာ ၆ ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၅၆/၂၀၁၆
၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက်
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်)

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ရာထူးမှ နှုတ်ထွက်ခွင့်ပြုခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၁၇ ပါ ပြဋ္ဌာန်းချက်အရ အောက်ပါ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များကို ယင်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည် -

(၁) ဦး ဇော်ဝင်း
(၂) ဒေါက်တာ ဉာဏ်ဇော်
(၃) ဒေါက်တာ ဒေါ်သန်းနွဲ့
(၄) ဒေါ်မြမြ

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

=====

AHN

Ref; Myanmar President Office
တောင်ကြီးမြို့ တောင်ပေါ်ရှိ ၊ရွှေမုဋ္ဌော ရပ်တော်မူဘုရားအင်္နီးတွင် ရှုခင်းကြည့်သည့် လူငယ်တစ်ဦး တောင်အောက်သို့ပြုတ်ကျ

=====

တောင်ကြီး၊ အောက်တိုဘာ ၁၁ ။

အောက်တိုဘာလ ၁၁ရက်နေ့(ယနေ့) နေ့လယ် ၁ နာရီချိန်က ၊တောင်ကြီးမြို့ တောင်ပေါ်ရှိ ရွှေမုဋ္ဌော ရပ်တော်မူဘုရားအင်္နီးတွင် အသက် ၁၉နှစ်အရွယ် အမျိုးသားတစ်ဦး
ရှု့ခင်းကြည့်နေစဉ်တောင် အောက်သို့ ပြုတ်ကျခဲ့ကြောင်း တောင်င်္ကြီးမြို့နယ် မီးသတ်ဦးစီးဌာန၊  မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုက ယနေ့နေ့လယ်ပိုင်းတွင်  AHN သို့ ပြောသည် ။

" တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်နေသူ မောင်………….. ၁၉ နှစ် ကတောင်စောင်းကနေသစ်ကိုင်းကိုင်ပြီးရှုခင်းကြည့်တာ သစ်ကိုင်းကျိုးပြီး အောက်ကိုပြုတ်ကျတာပါ ။ နေ့လယ် ၁နာရီလောက်က ကျတာပါ။ ကျွန်တော်တို့လည်း နေ့လယ် ၂နာရီချိန်မှ သတင်းရတာနဲ့ ကျွန်တော်တို့အဖွဲ့နဲ့ကယ်ဆယ်ရေးအဖွဲ့တွေသွားရောက်ကယ်ဆယ်ခဲ့
ပါတယ် ။ခေါင်းပေါက်ပြဲပြီး ခါးနာ ဒဏ်ရာရရှိခဲ့ပါတယ်။တခြားထွေထွေထူးထူးဒဏ်ရာမရရှိခဲ့ပါဘူး။တကယ်လို့သာ င်္ဒီကလေး ကို အချိန်မီ ကယ်ဆယ်မယ့်သူမရှိခဲ့ရင် အသက်အန္တရာယ်ရှိနိုင်ပါတယ် ။ကျွန်တော်တို့အနေနဲ့ကတော့ အချိန်နဲ့တပြေးညီ ကယ်ဆယ်ပေးခဲ့တာပါ"ဟု ၎င်းကပြောသည်။

======

နွယ်လေး

PHOTO – KO LIN