Tuesday, October 11, 2016

တောင်ကြီးမြို့ တောင်ပေါ်ရှိ ၊ရွှေမုဋ္ဌော ရပ်တော်မူဘုရားအင်္နီးတွင် ရှုခင်းကြည့်သည့် လူငယ်တစ်ဦး တောင်အောက်သို့ပြုတ်ကျ

=====

တောင်ကြီး၊ အောက်တိုဘာ ၁၁ ။

အောက်တိုဘာလ ၁၁ရက်နေ့(ယနေ့) နေ့လယ် ၁ နာရီချိန်က ၊တောင်ကြီးမြို့ တောင်ပေါ်ရှိ ရွှေမုဋ္ဌော ရပ်တော်မူဘုရားအင်္နီးတွင် အသက် ၁၉နှစ်အရွယ် အမျိုးသားတစ်ဦး
ရှု့ခင်းကြည့်နေစဉ်တောင် အောက်သို့ ပြုတ်ကျခဲ့ကြောင်း တောင်င်္ကြီးမြို့နယ် မီးသတ်ဦးစီးဌာန၊  မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုက ယနေ့နေ့လယ်ပိုင်းတွင်  AHN သို့ ပြောသည် ။

" တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်နေသူ မောင်………….. ၁၉ နှစ် ကတောင်စောင်းကနေသစ်ကိုင်းကိုင်ပြီးရှုခင်းကြည့်တာ သစ်ကိုင်းကျိုးပြီး အောက်ကိုပြုတ်ကျတာပါ ။ နေ့လယ် ၁နာရီလောက်က ကျတာပါ။ ကျွန်တော်တို့လည်း နေ့လယ် ၂နာရီချိန်မှ သတင်းရတာနဲ့ ကျွန်တော်တို့အဖွဲ့နဲ့ကယ်ဆယ်ရေးအဖွဲ့တွေသွားရောက်ကယ်ဆယ်ခဲ့
ပါတယ် ။ခေါင်းပေါက်ပြဲပြီး ခါးနာ ဒဏ်ရာရရှိခဲ့ပါတယ်။တခြားထွေထွေထူးထူးဒဏ်ရာမရရှိခဲ့ပါဘူး။တကယ်လို့သာ င်္ဒီကလေး ကို အချိန်မီ ကယ်ဆယ်မယ့်သူမရှိခဲ့ရင် အသက်အန္တရာယ်ရှိနိုင်ပါတယ် ။ကျွန်တော်တို့အနေနဲ့ကတော့ အချိန်နဲ့တပြေးညီ ကယ်ဆယ်ပေးခဲ့တာပါ"ဟု ၎င်းကပြောသည်။

======

နွယ်လေး

PHOTO – KO LIN

No comments:

Post a Comment