Thursday, November 24, 2016

The Asia Heart News journal vol1 issue 14

The Asia Heart News ( AHN ) အတွဲ ၁- အမှတ် ၁၄၊ (၂၃-၁၁-၂၀၁၆)
==

-မူဆယ်မြို့ တည်ငြိမ်အေးချမ်းမှုရှိ

-AHN။ ။အပြစ်မြဲ့ ပည်သူတွေ ဒဏ်ရာရရှိသေဆုံးမှုတွေရှိနေတော့ ဆရာတို့အနေနဲ့ စစ်ပွဲကို ရပ်တန့်သွားဖို့ရှိလား။
(KIO/ KIA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒေါင်ခါး နှင့်ဆက်သွယ်မေးမြန်းခြင်း)

-နမ္မတူမြို့နယ်အတွင်းရှိ တံတား တစ်စင်းဖောက်ခွဲဖျက်စီးခံရ။

-တရုတ်-မြန်မာ နယ်စပ်မှ စစ်ရှောင် ပြည်သူများ အားသွားရောက်ခေါ်ဆောင်သည့် လူမှုကူညီရေးယာဉ်များတိုက်ခိုက်ခံရ။

-မူဆယ်၁၀၅ မိုင်စခန်းတိုက်ခိုက်ခံရတာ ပတ်သက်ပြီး ၀န်ကြီးချုပ်ဦးဆောင်တဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကို အရေးပေါ်ခေါ်ပါတယ်....

(ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ပြောခွင့်ရပုဂ္ဂိုလ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် နှင့်ဆက်သွယ်မေးမြန်းခြင်း)

-” အကျပ်အတည်းကာလတစ်ခုတွင် ပစ်မှတ်ကိုရှောင်လွဲ၍ မဆိုင်သူကို ရန်ရှာခြင်းသည် သူရဲဘောကြောင်ရာရောက်သည် ”ဟူသော ဆိုရိုးစကားတစ်ရပ်ရှိသည်။

-တစ္ဆေစာရေးဆရာတစ်ဦးကျွတ်တမ်းဝင်ခြင်း။ ( မြသန်းတင့်)

-မြန်မာနိုင်ငံရဲ့ လျှို့ဝှက်မြို့တော်။

-ဗေဒင်၊ အားကစား၊ အနုပညာ ၊ နိုင်ငံတကာ စသည်ဖြင့် ပါဝင်နေကျအခန်းကဏ္ဍများစုံလင်စွာ..။

ယနေ့( ၂၃-၁၁-၂၀၁၆ ) နံနက်စောစောတွင် လူကြီးမင်း နှင့် အနီးဆုံးနေရာသို့ပို့ဆောင်ပေးထားပြီးဖြစ်ပါကြောင်း၊ လေးစားလျက်- စီမံခန့်ခွဲရေးအဖွဲ့ ။AHN

Sunday, November 20, 2016

BREAKING NEWS
====

KIA ကချင်အဖွဲ့၊ TNLA တအောင်းပလောင် အဖွဲ့နှင့် MNDAA ပူးပေါင်းအဖွဲ့များမှ မူဆယ်မြို့နယ်နှင့်ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်သဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရ။

=================================================

နေပြည်တော် နိုဝင်ဘာ ၂၀

KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၂၀ ရက် ၊ နံနက် ၂ နာရီ အချိန်ခန့်မှစ၍ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား အလစ်အငိုက် ရယူပြီး တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၂၀ ရက် ၊ နံနက် ၂ နာရီ အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့ဝင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးရှိ မြို့လုံခြုံရေးရဲကင်းအား အရှေ့တောင်ဘက် တစ်ဖာလုံခန့် အကွာ ယာခင်းဘက်မှ အဖွဲ့အစည်း ခေါင်းဆောင် အင်အား စိစစ်ဆဲအဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် နယ်မြေခံ ပြည်သူ့စစ်တို့မှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အဆိုပါ အဖွဲ့သည် အရှေ့တောင်ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၂ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်၊ မုံးကိုးမြို့ ၊ ရပ်ကွက် (၆)၊ မုံးကိုးနယ်မြေရဲစခန်းအရှေ့ဘက်ရှိ တပ်မတော်တပ်စခန်းကုန်းအား KIA (ကချင်) အဖွဲ့နှင့် MNDAA ပူးပေါင်းအင်အား ၈၀ ခန့်မှ လည်းကောင်း၊ ဖောင်းဆိုင် စခန်းအား အင်အား ၁၀ဝ ဦး ခန့်မှလည်းကောင်း ၊ မန်ကန် စခန်း အား အင်အား ၈၀ ဦးခန့်လည်းကောင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

အလားတူ နံနက် ၆ နာရီခန့်တွင် KIA (ကချင်)အဖွဲ့နှင့် MNDAA ပူးပေါင်း အဖွဲ့ အင်အား ၅၀ ခန့်သည် ပန်ဆိုင်းနယ်မြေရဲစခန်းအား ရပ်ကွက်(၄)၊ အခြေခံ ပညာအထက်တန်း ကျောင်းခွဲနေရာမှလက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး တစ်ချိန်တည်းတွင် ရပ်ကွက်(၁) ရှိ တပ်မတော် တပ်စခန်းကုန်းအား အနောက်ဘက် တောင်ကြောမှနေ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့ပြင် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် မူဆယ်မြို့မ ရဲစခန်း၏ တောင်ဘက် ၁၈ မိုင်ခန့်အကွာ ပြည်ထောင်စုလမ်းပေါ်ရှိ နန့်ပေါ်တံတားလုံခြုံရေး ရဲကင်းအား အရှေ့မြောက်ဘက် တစ်ဖာလုံခန့်အကွာရှိ တောင်ကုန်းမှ TNLA (တအောင်းပလောင်) အဖွဲ့ အင်အား ၁၀ဝ ဦးခန့်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး အဆိုပါစခန်းသို့ တပ်မတော် စစ်ကြောင်းမှ သွားရောက်ပူးပေါင်းစဉ် TNLA (တအောင်းပလောင်)အဖွဲ့ အင်အား ၄၀ ဦး ခန့်ဖြင့် ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ပြီး အဆိုပါ အဖွဲ့များသည် အရှေ့နှင့်အနောက်သို့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ပြန်လည် ဆုတ်ခွာသွားသည်။

အလားတူ မူဆယ်မြို့မ ရဲစခန်း၏ အရှေ့တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းဇုန်အနီးရှိ တပ်စခန်းကုန်းသို့ KIA (ကချင်)အဖွဲ့နှင့် TNLA (တအောင်းပလောင်)အဖွဲ့ ပူးပေါင်း အင်အား ၁၅၀ ခန့်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး ၆ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ပန်ဆန်းမောင်းတံဂိတ်သို့ TNLA (တအောင်းပလောင်)အဖွဲ့ (၃၀) ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သည်။ ထိုသို့ ကုန်သွယ်ရေး ဇုန်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် လဲချားမြို့နယ်နေ မောင်ဇော်သက် (၂၀)နှစ် (ဘ) ဦးမောင်မောင်ထွေး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် အပြစ်မဲ့ ပြည်သူ (၆) ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်၍ နံနက် ၈ နာရီအချိန်ခန့်တွင် မူဆယ်မြို့ အရှေ့မြောက် ၁၂ မိုင် ခန့်အကွာ ကျင်စမ်းကျော့(ဟိုနောင်) ရဲကင်းအား TNLA (တအောင်းပလောင်)အဖွဲ့ အင်အား ၅၀ ဦးခန့်သည် လက်နက်ကြီး လက်နက်ငယ်များ ဖြင့်လာရောက် ပစ်ခတ်ခဲ့သည်။

ထို့ပြင် နံနက် ၃ နာရီခွဲခန့်က နမ့်ဖတ်ကာ ရဲကင်းစခန်း၏ ၁၁ မိုင်ခန့် အကွာ ဆွမ်လုံကျေးရွာအနီး မန္တလေး- မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၉၁/၁ အနီးရှိ ပေ ၂၀ ခန့်ရှည် ဆွမ်လုံတံတားပေါ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တံတားထိခိုက်ပျက်စီးခဲ့သည်။ အလားတူ လက်နက်ကိုင်အဖွဲ့များက နန့်ပေါ်တံတားအား မိုင်းဖေါက်ခွဲခြင်း၊ တံတားအနီးရှိ ဈေးဆိုင် (၃) ဆိုင်အား မီးရှို့ခြင်း၊ သိန္နီမြို့ နမ္မတူ တံတားအား ပါဂျဲရိုး ယာဉ်ဖြင့် ဗုံးဖေါက်ခွဲခြင်းများလည်း ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များ အပါအဝင် နယ်မြေအချို့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် KIA (ကချင်အဖွဲ့)၊ TNLA (တအောင်းပလောင်အဖွဲ့) နှင့် MNDAA ပူးပေါင်းအဖွဲ့များအား တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက် လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား အကာအကွယ်ပေးရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖြစ်ပွားလျက်ရှိသော ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများအား ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်သည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

================

AHN

PHOTO - Myanmar State Counsellor Office's photo.

Saturday, November 19, 2016

BREAKING NEWS

===

၁၀၅ မိုင်တွင် တိုက်ပွဲများဖြစ်ပွားနေ၊ ဒေသခံများ မူဆယ်မြို့သို့ထွက်ပြေးတိမ်းရှောင်

======

မူဆယ်၊ နိုဝင်ဘာ ၂၀။

ရှမ်းပြည်မြောက်ပိုင်း ၊တရုတ်- မြန်မာ နယ်စပ်၊ မူဆယ်မြို့ အနီးရှိ၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း အနီးတွင် ယနေ့ ( နိုဝင်ဘာ ၂၀ ) မနက် ၃ နာရီခန့်မှစ၍တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ ဒေသခံအများအပြား မူဆယ်မြို့သို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း မူဆယ်မြို့သို့ ရောက်ရှိနေသည့် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

" မနက် အစောကြီး ပစ်ခတ်သံတွေကြားရတယ်။ ၁၀၅ မိုင် မှာ ရှိတဲ့လူတော်တော်များထွက်ပြေးကြတယ်။ ဘာမှ ကို မယူနိုင်ဘူး။ ကျွန်တော်လည်း ယေက္ခမ တွေကို သွားခေါ်ဖို့ လုပ်ပေမယ့် မခေါ် နိုင်ခဲ့ဘူး။ ယေက္ခမ အိမ်နဲ့ ကျွန်တော် တို့ အိမ် ကဝေးသေးတယ်။ ၁၀၅ မိုင် က လူတော်တော် များများထွက်ပြေးကုန်ပြီ။ ကားတွေလည်း ၁၀၅ မိုင်ထဲ ၀င်လို့ မရတော့ဘူး။ ဘယ်သူနဲ့ ဘယ်သူဖြစ်တယ်ဆိုတာတော့ မသိရဘူး။ သူငယ်ချင်းတစ်ယောက်လည်း လက်နက်ကြီးထိတယ်။ ဒဏ်ရာရတယ် ။ အခု မူဆယ်မြို့ကလည်း ခြောက်ကပ်နေတယ် ” ဟု ၄င်းကယနေ့ မနက် ၈ နာရီတွင် AHN သို့ပြောသည်။

တိုက်ပွဲများဖြစ်ပွားနေသည်ဆိုခြင်းမှာ မှန်ကန်ပါကြောင်း ရှမ်းပြည်နယ်ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) မနက် ၉ နာရီတွင် AHN သို့ အတည်ပြုပြောသည်။

“ ၁၀၅ မိုင်နားမှာ တိုက်ပွဲဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒီနေ့ မနက် ၂ နာရီလောက်က ဖြစ်တာပါ။ နေရာ ၆ နေရာ မှာ တိုက်ပွဲဖြစ်နေပါတယ်။ တပ်မတော်က အခုနယ်မြေရှင်းလင်းရေးလုပ်နေပါတယ်။ ရဲတပ်ဖွဲ့ကတော့ နောက် တန်း ကနေ ကူညီပေးနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ပေးဖို့ ရှိပါတယ်။ တပ်မတော်နဲ့တိုင်ပင်ပြီး ပြည်သူတွေသိအောင် သတင်းထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ လောလောဆယ်ဆယ်တော့ ဒီလောက်ပဲပြောနိုင်ပါသေးတယ် ” ဟု ၄င်းကပြောသည်။

၁၀၅ မိုင်ကုန်သွယ်ရေးစခန်းတွင် နေထိုင်ပြီးလက်ရှိ မူဆယ်မြို့တွင်ရောက်ရှိနေသူ အချို့ကTNLA အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်ဟုဆိုသော်လည်း AHN က သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲ ကိစ္စနှင့် ပတ်သက်၍ TNLA အဖွဲ့ထံ ဆက်သွယ်သော်လည်း တယ်လီဖုန်းခေါ်ဆို၍ မရခဲ့ပေ။

” ၁၀၅ ထိပ်နားမှာ တွဲကား မောင်းတဲ့ သူငယ်ချင်း တစ်ယောက် ရောက်နေတယ်။ သူပြောတာက သူ့ကား ရဲ့ကားသော့ ကို လက် နက်ကိုင်တစ်ယောက်က ဖြုတ် သိမ်းလိုက်တယ်။ အဲဒီလက်နက်ကိုင်က မြန်မာ့တပ်မတော်ကတော့ မဟုတ်ဘူး၊ ဘယ်အဖွဲ့ကလည်း ဆိုတာလည်း သေချာ မသိရဘူးတဲ့.။ ဆိုတော့ တွဲကားက လမ်း ပေါ် မှာ ပိတ်နေတယ်။ ဒီလိုပဲ တွဲကားတွေ အများကြီး ရဲ့ ကားသော့တွေကို လက်နက်ကိုင်ထားသူတွေက လိုက်ဖြုတ် သိမ်းလိုက်တော့ ကားတွေ အများကြီးပိတ်နေတယ်လို့ ပြောတယ်။ လူကိုတော့ဘာမှ မလုပ်ဘူးတဲ့။ ခုန ကပဲ ကျွန်တော့်ကို ဖုန်းဆက်ပြောတာ “ ဟု လားရှိုးမြို့တွင်ရောက်ရှိနေသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။

တိုက်ပွဲကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးစိုးညွန့်လွင်နှင့် နေပြည်တော် ပြန်ကြားရေးဝန်ကြီး ဌာနများ သို့ တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း တယ်လီဖုန်းခေါ် ဆို၍ မရခဲ့ပေ။

=======

ရဲထက်ကျော်၊ ကိုနေ ၊ စိုင်းမင်း ( ရှမ်းပြည်နယ်မြောက်ပိုင်း)

PHOTO - မူရင်း တင် သူများ ကို လေးစားစွာ credit ပေးပါသည်။(အယ်ဒီတာ AHN)



Thursday, November 17, 2016

AHN cartoon vol1 issue 13





ရန်ကုန်တွင် ဆိုင်ကယ်စီး နင်းခွင့်ပြု ရန် မရှိသေးဟု ၀န်ကြီးပြော

========

နေပြည်တော်၊ နိုဝင်ဘာ ၁၇ ။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဥာဏ်လင်း က ရွှေပြည်သာ၊ လှိုင်သာယာစသည့် မြို့သစ်များနှင့် ယာဉ်ကြောပိတ်ဆို့မှု မရှိသော မြို့နယ်များတွင် မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုရန်နှင့် လိုင်စင်များပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေး ဒု-ဝန်ကြီး ဦးကျော်မျိုး က ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်ပေါင်း(၄၅)မြို့နယ်ရှိသည့်အနက်(၃၁)မြို့နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဧရိယာနယ်နိမိတ်အတွင်းတည်ရှိပြီး ၁၃-၁၁-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း ခွင့်ပြုချက်မရှိဘဲ မော်တော်ဆိုင်ကယ် စီးနင်းဝင်ရောက်ခြင်းမပြုရဟု အမိန့်အမှတ်(၂/၂၀၁၄)ဖြင့် ဆိုင်ကယ် စီးနင်းခွင့်အား တားမြစ်ခဲ့ရာ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်များ
ပါဝင်ခဲ့ပါကြောင်း။
လူဦးရေထူထပ်သော အဆိုပါမြို့နယ်များ၌
မော်တော်ဆိုင်ကယ်စီးနင်းမှုကြောင့် ပြည်သူများ ဘေးအန္တရာယ်
ဖြစ်စေနိုင်သဖြင့်လတ်တလောအခြေအနေအရ မော်တော်ဆိုင်ကယ်
စီးနင်းခြင်းကို ခွင့်ပြုနိုင်ခြင်း မရှိသေးပါကြောင်း နှင့် လိုင်စင်ထုတ်ပေးခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

==

AHN

SOURCE; ပြည်သူ့လွှတ်တော်။

Tuesday, November 15, 2016

Asia heart news journal vol1 issue 13

The Asia Heart News –AHN ( အာရှနှလုံးသား သတင်းဂျာနယ်) အတွဲ ၁- အမှတ် ၁၃ ။ ၁၆-၁၁-၂၀၁၆။

၁ ။  မေး=ရှမ်းပြည်နယ်တစ်ခုလုံး လုံခြုံအေးချမ်းမှုရှိဖို့ အတွက် ၀န်ကြီးချုပ် အနေနဲ့ ဘယ်လိုဖြေရှင်းဆောင်ရွက်သွားဖို့ရှိပါသလဲ။
( ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် AHN တို့ သီးသန့်တွေ့ဆုံမေးမြန်းခြင်း)

၂။  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး=တချို့ကိစ္စတွေ ကျတော့လည်း ပေါ်တင် ကစ် နေ ကြတာတွေ ရှိပါတယ်။

မေး=၀န်ကြီးချုပ်အနေနဲ့ တာဝန်က နှုတ်ထွက်ဖို့ ရှိ- မရှိ ဆိုတာကို တိကျတဲ့ စကားတစ်ခွန်းလောက်ပြောပေးလို့ရနိုင်မလားခင်ဗျား။
(မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့်တွေ့ဆုံခြင်း)

၃။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုတာကလည်း ကျွန်မတို့ဒေသမှာ ယိုးဒယားတွေနဲ့ နီးကပ်စွာတည်ရှိနေတာကြောင့် သုတို့ရဲ့ အခွင့်အလမ်းပုံစံမျိုးလည်း ကျွန်မတို့က မဖြစ်စေချင်ပါဘူး။ ကျွန်မတို့ရဲ့ဒေသခံမြန်မာလူမျိုးတွေရဲ့အခွင့်အလမ်းပဲဖြစ်စေချင်ပါတယ်။
(တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့်တွေ့ဆုံခြင်း)

၎။ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက ၎င်းတို့၏ နေအိမ်များအား ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီး ၊ တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်။

၅။ ပြင်ဦးလွင်မီးပုံးပျံပွဲတွင်  မီးပုံးပျံပျက်ကျ၊ ၁၁ ဦးဒဏ်ရာရ

၆။ရခိုင်ပြည်နယ်အရေးကိစ္စ၊အရေးကြီးသောအခြေ
အနေတွင်ရောက်ရှိနေသဖြင့်အစိုးရနှင့်ဆွေးနွေးနိုင်ရန် တောင်း ဆိုမည်ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌပြော

၇။ လပွတ္တာမြို့တွင် စည်းကမ်းမဲ့ယာဉ်များကြောင့် ယာဉ်အန္တာရယ်စိုးရိမ်နေဟုဆို

၈။ မော်လမြိုင်မြို့၊ သံလွင်ဈေးရှိ ငါးဒိုင်များကို ကျောက်တန်းဘက်သို့ ပြောင်းရွှေ့ရပါက  ဆုံးရှုးံမှု များပြီး ဒိုင်များပျက်စီးသွားနိုင်သည်ဟုဆို

၉။ မော်လမြိုင် ဈေးကြိုအဝေးပြေးယာဉ်ရပ်နားစခန်း ပြောင်းရွှေ့ပါက ကားဝင်းအတွင်းရှိ ဆိုင်ခန်းများအတွက် မြေနေရာချပေးစေလိုကြောင်း ဆိုင်ပိုင်ရှင်များတောင်းဆို

၁၀။ အရက်ကြောင် ၊  ကြောင်နေသည်ဆိုသော အမျိုးသားတစ်ဦး ကိုယ့်လည်ပင်းကိုယ် ဓါးဖြင့်ထိုး၍သေဆုံး။

၁၁။အင်းလေးဒေသတွင် လိုင်စင်မရှိဘဲ လုပ်ငန်းဆောင်ရွက်မှုများကို  ဒီဇင်ဘာ လမှစ၍ အရေးယူမည်

၁၂။မိန်းမပျိုတစ်ဦးအား ချစ်ရေးဆိုသည်ကို တားမြစ်ခဲ့သော အမျိုးသမီးအား ချစ်ရေးဆိုသည့် အမျိုးသားက နေအိမ်ထဲဝင်၍ ဓါးဖြင့်ခုတ်။

၁၃။ ပရိတ်သတ်ကြီး အတွက် အကောင်းဆုံးကြိုးစားနေပါတယ် ဆိုတဲ့ နန်းမြတ်ဖြိုးသင်း။

၁၄။အခွေသစ် မိတ်ဆက်မယ့် ရဲလေး။

၁၅။ ရွေးကောက်ပွဲ ရှုံးနိမ့်ရသည့် အကြောင်း အရင်းကို ထုတ်ဖော်ပြောဆိုလိုက်သည့် ဟီလာရီကလင်တန်။

၁၆။ နောက်ဆုံးရ နိုင်ငံတကာသတင်းများ။

၁၇။ နောက်ဆုံးရ အားကစားသတင်းများ။

၁၈။ ပရိတ်သတ်တွေ အကြိုက်တွေ့နေတဲ့ လက်ထောက် ဗေဒင်။

၁၉။ နတ်သကြားတွေ ခန့်မှန်း သလားထင်ရလောက်အောင် ကွက်တိ နီးပါး မှန်နေတဲ့ ပရီးမီးယားလိဂ် ပွဲကြိုခန့်မှန်းချက်များ။

စသည့်ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ နောက်ဆုံးရ သတင်းအချက်အလက်များ။

- မီဒီယာနဲ့တရား စွဲဆိုခြင်း ( စောဝတ်မှုန်ညီ- လွိုင်ဆမ်ဆစ်)
       
 - ဘက် - ( ကံဆွေမြတ်-ညောင်ရွှေ)

   -ဂျပန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျပန် နိုင်ငံ အပေါ် အမြင် သဘောထား ( စိုးမင်းဦး)

-အကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပေါ်နေတဲ့ မောင်တောဒေသ တည်ငြိမ်အောင် ဘယ်လိုဆောင်ရွက်မလဲ ( ကံမောင်)

-တစ်ကိုယ်ရေ သယ်ယူပို့ဆောင်ရေး ကိရိယာ ( ဦးသောင်းဝင်း- ပန်းချယ်ရီ)

-ရုပ်ရှင်သရဲလေး ကိုတင့် ( ၀င်းစံ)

-ဖွံ့ ဖြိုးပြီး နိုင်ငံများ မှ ပြည်သူ့ အုပ်ချုပ်ရေး ( မင်းရွှေမောင်)

-အားဖြည့် အချိုရည်များကြောင့် အသည်းရောင် နိုင် ( နေအိမ်)

-ပြတင်း  (မောင်စိန်ဝင်း- ပုတီးကုန်း)

-အေးချမ်းသာယာလှပသည့် ကျောက်မဲမြို့က “ အဆင့်မြင့်သက်ကြီး စောင့်ရှောက်ရေးစင်တာ ” ( မင်္ဂလာထွန်း-ကျောက်မဲ)

-ဒေါ်နယ်ထရန့် ကြောင့် မြန်မာပြည် စီးပွားရေး တစ်ဟုန်ထိုး  တိုးတက်မည် ( အယ်ဒီတာ့ အာဘော်)

==

စသည့် ဆောင်းပါးကောင်းများဖြင့် ၊ The Asia Heart News –AHN ( အာရှနှလုံးသား သတင်းဂျာနယ်) အတွဲ ၁- အမှတ် ၁၃  ကို ၁၆-၁၁-၂၀၁၆ (ဗုဒ္ဓဟူးနေ့ ) နံနက်စောစောတွင် လူကြီးမင်းနှင့် အနီးဆုံးနေရာသို့ ပို့ဆောင်ပေးထားပြီးဖြစ်ပါကြောင်း ရိုသေလေးစားစွာ အသိပေးအကြောင်းကြားပါသည်ဗျား။ လေးစားလျက်- စီမံခန့်ခွဲရေး အဖွဲ့ - AHN ။

Monday, November 14, 2016

မွန်ပြည်နယ်အစိုးရအဖွဲ့ကို အပြောင်းအလဲတစ်စုံတရာပြုလုပ်မည်မဟုတ်ကြောင်း ဦးဝင်းထိန်ပြော

========

မော်လမြိုင်၊နိုဝင်ဘာ ၁၃။

မွန်ပြည်နယ် ၀န်ကြီးချုပ်နေရာ အပြောင်းအလဲ ပြုလုပ်မည်ဟုသတင်းများထွက်ပေါ်နေသော်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့ကို အပြောင်းအလဲပြုလုပ်မည်မဟုတ်ကြောင်း၊ နိုဝင်ဘာလ (၁၃) ရက်နေ့က မော်လမြိုင်မြို့၊ မွန်ပြည်နယ်အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည့် အစိုးရအဖွဲ့အစည်း၊လွှတ်တော်နှင့် မွန်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က သတင်းမီဒီယာများကိုပြောသည်။

“ကိုယ်က ဘာအာဏာမှ မရှိတဲ့အတွက် မွန်ပြည်နယ် အစိုးရကို အပြောင်းအလဲလုပ်ဖို့တော့မရှိပါဘူး၊၀န်ကြီးချုပ်အသုံးမကျရင် မကျသလို၊ မကျေနပ်ဘူးဆိုရင် မကျေနပ်သလိုပြောတာပါ။ သူ့ကို လာဆုံးမတာတော့မဟုတ်ပါဘူး။ဒီမိုကရေစီဆန်ဆန်ပဲ လုပ်သွားမယ်။ဒေါ်အောင်ဆန်းစုကြည်ပြောသလို ခြေထောက်အောက်မှာ          မြေကြီှးရှိတယ်ဆိုတာ အမြဲသတိရနေဖို့ ပါပဲ” ဟု ဦးဝင်းထိန်ကပြောသည်။

အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦး၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိ၊ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ သထုံ မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူနှင့် မွန်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

“ဒီနေ့အစည်းအဝေးက အစိုးရရယ်၊ လွှတ်တော်နဲ့ မွန်ပြည်နယ်က ပါတီတွေကို ညှိုနှိုင်းပြီးတော့ အလုပ်လုပ်ကြဖို့၊နောက်ပြီး လွှတ်တော်နဲ့ အစိုးရကြား ပြဿနာတွေ သဟဇာတဖြစ်အောင်နေကြဖို့ လာရောက်ဆွေးနွေးကြတာပါ။ဆွေးနွေးပွဲက အောင်မြင်ပါတယ် ။ဒါပေမယ့် ဒီလမ်းထဲကိုနောက်တစ်ခါ ဘယ်တော့မှမလာတော့ဘူး" ဟု  ရယ်မောလျက်  ဦးဝင်းထိန် ကပြောကြားသည်။

ထို့အပြင် ပြည်သူလူထု မျှော်မှန်းထားသော မျှော်လင့်ချက်များကို တတ်နိုင်သမျှ ဖြေရှင်းပေးမည်ဖြစ်ပြီး မွန်ပြည်နယ် ၀န်ကြီးချုပ်အား လာရောက်ဆုံးမခြင်းမျိုးမဟုတ်ကြောင်း လည်း၎င်းကဆက်လက်ပြောကြားသည်။

မွန်ပြည်နယ် ၀န်ကြီးချုပ် နေရာအပြောင်းအလဲနှင့် ပတ်သတ်ပြီး အဆိုပါ အစည်းအဝေးတွင် ၀န်ကြီးချုပ်ဦးမင်းမင်းဦး အား မီဒီယာများမှ မေးမြန်းခဲ့သော်လည်း ဖြေကြားရန်ငြင်းဆိုခဲ့ပြီး တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်အချို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။

လက်ရှိမွန်ပြည်နယ် ၀န်ကြီးချုပ်ဦးမင်းမင်းဦးက ၀န်ကြီးချုပ်ရာထူးမှ အနားယူလိုကြောင်း ဦးဝင်းထိန်ထံ နှုတ်ဖြင့်တင်ပြခဲ့သည်ဟု ပြည်တွင်းမီဒီယာအချို့ တွင်ဖော်ပြခဲ့သော်လည်း ၄င်းနေရာတွင် အစားထိုးခန့်အပ်ရန် ထင်ကြေးပေးခံနေရသည့် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်နှင့် ဦးဝင်းထိန်းတို့က မဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆိုခဲ့သည်။

=======

သားထွေး(AHN-MLM)

PHOTO - TH ( AHN )

Friday, November 11, 2016

အမှုဖွင့်ခံထားရသည့် Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် နှင့် The Daily Eleven သတင်းစာအယ်ဒီတာချုပ် တို့ လာရောက် အဖမ်းခံ

==
ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ အမှုဖွင့်ခြင်းကိုခံထားရသည့် Eleven Media Group ၏ အမှုဆောင်အရာရှိချုပ်  နှင့် The Daily Eleven သတင်းစာအယ်ဒီတာချုပ် တို့ ယနေ့နေ့လယ် ၁ နာရီ ခန့်က အရှေ့ ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့လာရောက် အဖမ်းခံခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ဒုရဲမှူးမြင့်ထွေး ကပြောကြောင်းတာမွေ ရဲစခန်းတွင် ရောက်ရှိသတင်းရယူနေသည့် AHN သတင်းထောက်က သတင်းပေးပို့သည်။

”နေ့လယ် ၁ နာရီ လောက်က သူရုံးထိုင် တဲ့ အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့ရုံးကို လာရောက် အဖမ်းခံတယ်လို့ ဒုရဲမှူးမြင့်ထွေးက ပြောပါတယ်။ တာမွေ မှာ အမှုဖွင့်ထားလို့ တာမွေ ကို ဒီနေ့ နေ့ လယ် ၂ နာရီခွဲလောက်က လာပို့တာလို့လည်း ဒုရဲမှူးမြင့်ထွေးကပြောပါတယ်။ အမှုဖွင့်ခံထားရသူတွေကတော့ သတင်း မီဒီယာတွေနဲ့တွေ့ဆုံပြောဆိုတာ မရှိသေးပါဘူး “ ဟု ၄င်းကပြောသည်။

==

ရဲထက်ကျော်

Thursday, November 10, 2016

Asia heart news journal vol 1,issue 12

The Asia Heart News (Vol 1, Issue 12)

ယနေ့ ၉-၁၁-၂၀၁၆နေ့ထုတ် အာရှနှလုံးသား ဂျာနယ် (AHN) အတွဲ၁- အမှတ် ၁၂ တွင်...။
------
၁။ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးရာထူးမှ နှုတ်ထွက်မယ်ဆိုတဲ့ အပေါ် NLDပြောခွင့်ရသူ ဦးဝင်းထိန်ရဲ့ မှတ် ချက်စကား။

၂။ Eleven Media Group ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတာကြောင့် ဦးဝင်းထိန်ကို ဥပဒေကြောင်းအရ ရင်ဆိုင်မယ်လို့ပြောလိုက်တဲ့ The Dailly Eleven သတင်းစာအယ်ဒီတာချုပ်။

၃။ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ စီးပွားရေးလုပ်ငန်ရှင် ဦးမောင် ၀ိတ်တို့ ရန်ကုန်မြို့တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်မည်။

၎။ ဦးဝင်းထိန် ( NLD )၊ မောင်စိန်ဝင်း ( ပုတီးကုန်း)၊ ဦးရဲထွန်း( သီပေါ)၊ ဦးတင်မောင်တိုး( တောင်ကြီး)၊စည်သာ(တောင်ကြီး)၊ ဦးလှဆွေ( ဘူးလက်လှဆွေ)၊ကိုဂျင်မီ( ၈၈-ငြိမ်း-ပွင့်)၊ ဦးရောဘတ်စန်းအောင်( တရားလွှတ်တော်ရှေ့နေ)၊လှစိုးဝေ( စာရေးဆရာ)၊ မင်္ဂလာထွန်း( သတင်းစာဆရာ)၊မသက်ဆုရည်( လက်ပံတန်း)၊ ကိုဘိုဘို( သီပေါ- မြို့မိ-မြို့ဖ) တို့ရွေးချယ်ပေးထားတဲ့ အမေရိကန် သမ္မတသစ်။

၅။ဆိုင်ကယ် အရောင်းဆိုင်များ အဆင့်မီ ဆိုင်ကယ် ဦးထုပ် နှစ်လုံးကို လက်ဆောင်ပေးမှသာ ဆိုင်ကယ်ရောင်းချခွင့်ရှိမည်။

၆။လဘ်စားမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ရုံးထုတ်။

၇။တောင်ကြီးမီးပုံးပျံပွဲတွင် ပစ္စည်းနှင့်ငွေသား ကျပ် သိန်း ၁၀၀ ဖိုးထည့်သွင်းထားသည့် ပံ့သကူမီးပုံပျံတစ်လုံးလွှတ်တင်မည်။

၈။လားရှိုးမြို့တွင် ပထမဆုံးအကြိမ် မီးပုံးပျံပွဲတော်ကျင်းပမည်။

၉။ဇနီးဖြစ်သူကို ဓါးဖြင့်ခုတ်မရ၍ သားသမီးအရင်း ၅ ဦး၏လည်ပင်းကို ဓါးဖြင့်လှီး၊ ၂နှစ် နှင့် ၄ နှစ် အရွယ် သားငယ်နှစ်ဦးသေဆုံး။

၁၀ ။ဘုရားဖူးပြန်လာသည့်ကျောင်းသားစုံတွဲကို အမည်မသိသူ ၃ဦးက ဓါးပြပြီးလုယက်ထွက်ပြေး။

၁၁။မွန်ပြည်နယ်အတွင်း လေးလမ်းသွားချဲ့ထွင်ဖောက်လုပ်မည့် အဝေးပြေးလမ်းမကြီး နှင့် မလွတ်သော အိမ်ဲခြံမြေများအားလျော်ကြေးပေးမည်။

၁၂။တောင်ကြီး တန်ဆောင်တိုင် ပွဲတော် အတွက် မီးသတ် တပ်ဖွဲ့ အင်အား ၁၃၀ အသုံးပြုမည်။

၁၃။ချောက်မြို့နယ်၊ မိုင်လာကျေးရွာပိုင် သုသန်တွင် မီးသဂြိုဟ်စက်တည်ဆောက်မည့်ကိစ္စကို ဒေသခံများကန့်ကွက်။

၁၄။လူသတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့သော လယ်မြေပြသနာ ပြီးဆုံးရေးညှိနှိုင်းဆွေးနွေး။

၁၅။မွန်ပြည်နယ်အတွင်းရှိမြို့နယ်အားလုံးတွင် အဝေးပြေးယဉ်ရပ်နားစခန်းများတည်ဆောက်မည်။

၁၆။ရာသီဥတုမကောင်း၍ မော်လမြိုင်တိုးချဲ့ ကမ်းနားလမ်းပြုပြင်ရန်အခက်တွေ့။

၁၇။ဆူဇူကီးဖလား မှာ ဆီမီးတက်မယ် ဟု မြန်မာဘောလုံးနည်းပြပြော။

၁၈။အကောင်းဆုံးခြေစွမ်းကိုမြင်တွေ့ရမည် ဟု မြန်မာဘောလုံးအသင်းခေါင်းဆောင်ဆို။

၁၉။ဆူဇူကီးဖလားမှာ မြန်မာဘောလုံး အသင်း အုပ်စုဒုတိယသာရမယ်လို့ အင်ဒိုနီးရှားနည်းပြဆို။

၂၀။အိမ်ထောင်တစ်ခုတည်မြဲဖို့ လုပ်ရတာခက်တယ်ဆိုတဲ့ သဉ္ဖာနွယ်ဝင်း။

၂၁။ အံ့သြထူးဆန်းဖွယ်ကောင်းလောက်အောင်မှန်ကန်တဲ့ လက်ထောက် ဗေဒင်။

၂၂တောင်ကိုရီးယားသမ္မတနှုတ်ထွက်ဖို့ဆန္ဒပြ။

၂၃။ ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦး အသတ်ခံရ။

၂၄။ ပဋိပက္ခတွေကြောင့် သြစတြေးလျ ခရီးစဉ်ဖျက်လိုက်ရတဲ့ အင်ဒိုနီးရှားသမ္မတ။

စသည့်ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာသတင်းကောင်းများ။

၁။နဂါး အမြီးနောက်ရောက်သွားတဲ့ ဖိလစ်ပိုင် ( ဘမောင်- ဧရာဝတီ)

၂။အလိုက်တသိဖြည့်ဆည်းပေးမည့် ချစ်စဖွယ် ရိုဘော့လေးများ( ဦးသောင်းဝင်း-ပန်းချယ်ရီ)

၃။ဖွံ့ဖြိုးဆဲနိုင်ငံများမှပြည်သူ့ အုပ်ချုပ်ရေး ( မင်းရွှေမောင်)

၎။လမ်းပေါ်ကနေ မြက်ခင်းစိမ်းဆီသို့ ( အောင်ငြိမ်းသွေး)

၅။ကိုတင့်တို့လိုက်နာ ကျင့်သုံးမှု သဘောတရား ( ၀င်းစံ)

၆။အသံချဲ့စက်ယဉ်ကျေးမှု ပြောင်းလဲဖို့ လိုပြီ ( ကံဆွေမြတ်-ညောင်ရွှေ)

၇။သုံးပွင့်ဆိုင် သင်ခန်းစာ ( ဦးသိန်း)

၈။ခွေးတွေအတွက် ငရဲမင်း (နေအိမ်)

၉။မြန်မာနိုင်ငံမှာ တရုတ်ကို မယှဉ်နိုင်တဲ့ အမေရိကန်( ရဲထွဋ်သိမ်း)

၁၀။မငြိမ်းချမ်းခဲ့သော ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်၏နောက်ဆုံးခရီး - ၃- ( နိဂုံးပိုင်း ) လှစိုးဝေ။

၁၁။ဂျပန်နိုင်ငံ ၏ထောက်ခံမှုများစွာရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ( စိုးမင်းဦး)

၁၂။သတင်းသမားနှင့်ပေါင်းဆက်ဆံမှု ( စိုးမင်းဦး)

စသည့်ဆောင်းပါးကောင်းများဖြင့် ။

The Asia Heart News ဂျာနယ်ကို ယနေ့ (အောက်တိုဘာလ ၉ ရက်)နေ့န့နက်စောစောတွင် လူကြီးမင်းနှင့် အနီးဆုံးနေရာသို့ ပို့ဆောင်ပေးထားပြီး ဖြစ်ပါကြောင်း ရိုသေလေးစွာ အသိပေးအကြောင်းကြားပါသည် ခင်ဗျား။ လေးစားလျက်- စီမံခန့်ခွဲရေး -အဖွဲ့ AHN

Sunday, November 6, 2016

ပဲခူးတိုင်းဝန်ကြီးချုပ် အပါအ၀င် ၀န်ကြီးများနှုတ်ထွက်ပေးရေးသာယာဝတီမြို့တွင်
ဆန္ဒထုတ်ဖော်

==
သာယာဝတီ၊နိုဝင်ဘာ(၄)။

     ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊သာယာဝတီမြို့တွင် နိုဝင်ဘာလ(၄)ရက်
နံနက် (၇း၂၀)နာရီအချိန်ခန့်က ၀န်ကြီးချုပ် ဦးဝင်းသိန်း၊စည်ပင်သာယာဝန်ကြီး
ဦးမောင်မောင်လွင်၊သစ်တော ၀န်ကြီး ဦးကျော်မင်းစံနှင့် သာယာဝတီမြို့နယ်
စည်ပင်သာယာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်တို့မှာ  ပြည်သူလူထုအတွက်
အကျိုး မပြုသည့် အတွက်  ဖြုတ်ချပေးရန် ပြည်သူအချို့က ဆန္ဒထုတ်ဖော်
တောင်းဆိုခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်သည့်နေရာသို့သွားရောက်သတင်းရယူခဲ့သည့် AHN သတင်းထောက်ကသတင်းပေးပို့သည်။

    ဆန္ဒထုတ်ဖော်ပွဲကို သာယာဝတီမြို့နှင့် သုံးဆယ်မြို့တို့မှ
ပြည်သူ(၂၀)ခန့်က စုပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်ပွဲကို
သာယာဝတီမြို့ ဗိုလ်ချုပ်လမ်း တုံစံစီဘုရားကျောင်းရှေ့မှ စတင်ခဲ့ကြောင်း။ ဆန္ဒဖော်ထုတ်သူပြည်သူများက
“ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း
ပြုတ်ကျရေး-ဒို့အရေး၊စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်လွင်
ပြုတ်ကျရေး-ဒို့အရေး၊သစ်တောရေးရာ ၀န်ကြီး ဦးကျော်မင်းစံ
ပြုတ်ကျရေး-ဒို့အရေး၊လက်ထောက်ညွှန်ကြား ရေးမှူး ဦးအေးကျော်-အလိုမရှိ၊
သပိတ်သပိတ် မှောက်မှောက်၊သခင်မျိုးဟေ့ ဒို့ဗမာ၊အရေးတော်ပုံ အောင်ရမည်”
စသည့် ကြွေးကြော်သံများ ကြွေးကြော်ကြပြီး ယင်းကြွေးကြော်သံပါ
ဆိုင်းဘုတ်များအား ကိုင်ဆောင်ကာ ပြည်-ရန်ကုန်လမ်းအတိုင်းချီတက်ပြီး
ပေါက်တန်းလမ်းဆုံတွင် (၈၈)တိုက်ပွဲကျရဲဘော် အငယ်လေးအား ရပ်တန့်
မေတ္တာပို့ခြင်းများ ပြုလုပ်ကြကြောင်း၊ ၎င်းနောက် သာယာဝတီမြို့
စည်ပင်သာယာရုံးရှေ့တွင် ရပ်တန့်ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်းAHN သတင်းထောက်ကပြောသည်။

     “အခုဆန္ဒထုတ်ဖော်တာ ဘယ်အဖွဲ့အစည်းကိုမှ
ကိုယ်စားမပြုဘူး။ဘယ်သူတစ်ဦးတစ်ယောက်ကမှလည်း ဖိအားပေးတာမရှိဘူး။ဆန္ဒတူ
မဲဆန္ဒရှင်တွေ စိတ်တူကိုယ်တူ ခံစားချက်တူတွေ ဆန္ဒဖော်ထုတ်ကြတာပါ။ဘယ်
ပါတီအဖွဲ့အစည်းကမှ မဟုတ်ပါဘူး။”ဟု ဆန္ဒပြပွဲကို
ဦးဆောင်သူဦးထွန်းဝင်းကပြောသည်။

     အဆိုပါ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရန်အတွက် နိုဝင်ဘာလ(၁)ရက်နေ့က
သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ အကြောင်းကြားစာပေးပို့ထားပြီး
ဖြစ်ကြောင်းနှင့် ဆန္ဒထုတ်ဖော်ပွဲကို နံနက်(၉း၂၀)နာရီအချိန်ခန့်တွင်
လူစုခွဲ ရုပ်သိမ်းလိုက်ကြောင်း AHN သတင်းထောက်က သတင်းပေးပို့သည်။

====

                        မင်းထက်( AHN - PYAY)

PHOTO -  AHN

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲ ကျင်းပ

==

တောင်ကြီး၊ နိုဝင်ဘာ ၆။

၂၀၁၆ ခုနှစ်တောင်ကြီး တန်ဆောင်တိုင်မီးပုံပျံဖွင့်ပွဲ အခမ်းအနားကို ယနေ့ ( နိုဝင်ဘာ ၆ ) ရက် ညနေ ၅ နာရီက တောင်ကြီးမြို့ ၊ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ မီးပုံးပျံပွဲ ဖွင့်ပွဲအခမ်းအနားသို့ သွားရောက်သတင်းရယူခဲ့သည့် AHN သတင်းထောက်များကယနေ့ ညပိုင်းတွင် သတင်းပေးပို့သည်။

ဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ် ၀န်ကြီးဒေါက်တာလင်းထွဋ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်ဟုလည်း ၄င်းတို့ကပြောသည်။

" ပရိတ်သတ်က နှစ်သိန်းလောက်တက်ရောက်တယ်။ တောင်ကြီး ကိုလာတဲ့ ပရိတ်သတ် တွေများလွန်းလို့ မြို့ထဲ လမ်းဆုံလမ်းခွတွေ မှာ ယာဉ်ကြောပိတ်ဆို့မှုတွေလည်းဖြစ်ကုန်တယ် " ဟု လည်း ၄င်းတို့က ပြောသည်။

===

စိုင်းအောင်မြတ်၊ နွယ်လေး၊ လေပြေ

PHOTO BY - SAM



Wednesday, November 2, 2016

Asia heart news journal vol 1 issue 11

The Asia Heart News ( AHN )- VOL- 1- ISSUE 11 ( 2-11-2016)
-
-မီးပုံးပျံကွင်းအတွင်း အထူးပွဲကြည့်စင်တည်ဆောက်မှုအားဖျက်သိမ်းပေးရန် တောင်ကြီးမြို့သူမြို့သားများ     ဆန္ဒပြ ၊ တောင်ကြီးမီးပုံးပျံပွဲတော် သမိုင်းတွင် ပထမဆုံးအကြိမ်ဆန္ဒပြခြင်းဖြစ်ဟုဆို

(….အရေးကြီးဆုံး အချက် က မီးပုံးပျံ ပျက်ကျရင် ပြေးစရာ မရှိဘူး။ ကြည့်လို့ လဲ ရမှာ မဟုတ်ပါဘူး။ စင်က ကျဉ်းလွန်းနေတယ် လေ ။ မီးသတ်ကား ဝင်မရဘူး ။ ဖြစ်လိုက်ရင် အကုန် ကင်ပြီးသား ဖြစ်သွားလိမ့်မယ်……)

-မအူပင်မြို့၊ သမိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် လျှပ်စစ်ဌာနကို ပြည်သူများဆန္ဒပြ၊ လျှပ်စစ်မီးအချိန်ကြာမြင့်စွာပျက်သောကြောင့် ဆန္ဒပြရခြင်းဖြစ်ဟုဆို

-ပြည်ထောင်စုလွှတ်တော်နာယကမန်းဝင်းခိုင်သန်း၈၈၈၈အထိမ်းအမှတ်ကျောက်တိုင်အတွက်အလှူငွေပေးအပ်လှူဒါန်း

- ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို
မန္တလေးအိုးဘိုထောင်သို့ပို့ဆောင်၊ အဂတိတိုက်ဖျက်ရေးကော်မရှင်က တိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုမည်ဟုဆို

-ပြင်ဦးလွင် မီးပုံးပျံ ပြိုင်ပွဲတွင် ဆိုင်ခန်းခဈေးနှုန်းများလျှော့ချ၊ လေယာဉ်ပျံသန်းမှုပြပွဲ၊ ညလုံးပေါက် အခမဲ့ပြသမည့် ဇာတ်ပွဲများလည်းပါဝင် ဟုဆို

-ကိုယ်ဝန်ဆောင်တစ်ဦး ရေမွှာပေါက်၍ မီးသတ်တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက အရေးပေါ်မီးဖွားပေး

- ကျောက်မဲမြို့နယ်တွင် ကျောင်းအုပ်ကြီး ရုံးခန်းမှ
မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

-ဦးတေဇ ကုမ္မဏီ အပါအ၀င် ကုမ္ပဏီ သုံးခုက ဆောက်လုပ်ခွင့်ရရန်တင်ပြခဲ့ဖူးသော မူဆယ်လေယာဉ်ကွင်းကို ဦးနေ၀င်းမြေးများကလည်း ဆောက်လုပ်ခွင့်ရရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြ

-KTV၊ အနှိပ်ခံများတွင်  အိမ်ထောင်သည်အမျိုးသမီးများ ၀င်ရောက်လုပ်ကိုင်မှုများပြားလာ။

-၈၈ (ငြိမ်း-ပွင့်) နိုင်ငံရေးပါတီတည်ထောင်ရန် ပြင်ဆင်ပြီးပါက ပြည်သူသို့ အသိပေးမည်

-ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းရေးကို ဥပဒေနှင့် အညီဆောင်ရွက်နေခြင်းဖြစ် ဟု အစိုးရတာဝန်ရှိသူပြော

-ပျောက်ဆုံးနေသော ရခိုင်လူငယ် သုံးဦးကို ရှာဖွေပေးမည်ဟု နယ်ခြားစောင့်ရဲ ကွပ်ကဲရေး ရဲမှူးပြော

-ပထမအကြိမ် အင်းသား အမျိုးသားနေ့ ဖိုရမ်ကျင်းပ

-သုဝဏ္ဏ ဘူမိမြို့ဟောင်းကို တတိယအကြိမ် တူးဖော်မည်

-မွန်ပြည်နယ်အတွင်းဆိုင်ကယ်  မတော် တဆမှုများ ပိုမိုများပြားလာ

-မန္တလေးမြို့တွင် Real Time Traffic Light မီးပွိုင့် ၁၀ ခုထပ်မံတပ်ဆင်မည်

-အငြင်းပွားဖွယ်မြေပေါ်တွင် သီးနှံစိုက်ပျိုးမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးးအပါအ၀င် ရွာသား ၃ ဦးတရားစွဲဆိုခံရ။

-ရွှေတောင်မြို့နယ်အတွင်း  နွားများ ခွာနာ၊ လျှာ နာ ဖြစ်

-ဒီဇင်ဘာလအတွင်း စစ်ရှောင် စခန်းများကို သွားရောက် လှူဒါန်းမည့် Model လုလုအောင်က မြစ်ဆုံဆည် လုံးဝရပ်တန့်ပေးရန် လိုလားသည်ဟုဆို

-မြန်မာ အမျိုးသမီး ပရိုလိဂ်တွင် အမြင့်ဆုံးလစာငွေ ကျပ် နှစ်သိန်းခွဲရရှိမည်

စသညိ့ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ နောက်ဆုံးရ သတင်း အချက် အလက်များ။

-၀ - မိုင်းလား ပဋိပက္ခ နှင့် UWSA ၏ ၀ှက်ဖဲ ( ရဲထွန်း-သီပေါ)

-မငြိမ်းချမ်းခဲ့သော ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်၏ နောက်ဆုံးခရီး (၂) -လှစိုးဝေ

-ကိုတင့်နဲ့ အချိန်ပြသနာ ( ၀င်းစံ)

-နိုင်ငံကြီးတွေကြားထဲမှာ ထိန်းညှိလျှောက်လှမ်းရမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားရေး
မူဝါဒ ( ဘမောင်- ဧရာဝတီ)

-အင်းလေးကန်အတွက် ထိရောက်စွာ ဆောင်ရွက်ပေးကြပါ( နိဂုံး)  -(ကံဆွေမြတ်)

-ခေတ်ဟောင်း ခေတ်သစ် ကွန်ပျူ တာ ညွန်းဆိုကိန်းများ ( ဦးသောင်းဝင်း -ပန်းချယ်ရီ)

-IS တို့ အာရှကို ဦးတည်နေပြီလော ( နေယွန်းအိမ်)

-ကလေးများ ၊အဟာရ ချို့တဲ့ခြင်းကို ကန်စွန်းဥ စားသုံးခြင်းဖြင့်ကာကွယ်နိုင်ပြီ( နေအိမ်)

-တစ်ပတ်အတွင်း နိုင်ငံတကာသတင်းတိုများ( မိုးဦးထွန်း)

-အလှတွင် အယဉ်ဆင့်၊ အသွင် တင့်သည့် စီမံခန့်ခွဲမှု ( မြတ်လေးမြင့်)

-မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီး အဓွန့်ရှည်ပါစေ ( အောင်ငြိမ်းသွေး)

-တန့်ယန်း ဒေသခံတိုင်းရင်းသားကလေးငယ်များ တရုတ်စာ သင်ယူမှုများလာ( SKY)

-ပြည်သူ့ အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးမှု ( မင်းရွှေမောင်)

စသည့်ဆောင်းပါးကောင်းများ၊အပြင်...

 ဗေဒင်၊ အားကစား၊ အနုပညာ၊နိုင်ငံတကာ၊ ကဏ္ဍစုံလင်စွာဖြင့် The Aisa Heart News ( AHN ) ဂျာနယ်ကို ယနေ့ ( ၂-၁၁-၂၀၁၆) နံနက်စောစော တွင် လူကြီးမင်းနှင့် အနီးဆုံးနေရာသို့ပို့ဆောင်ပေးထားပြီးဖြစ်ပါကြောင်း ရိုသေလေးစားစွာ အသိပေးအကြောင်းကြားအပ်ပါခင်ဗျား..။

 လေးစားလျက်- စီမံခန့်ခွဲရေး- အဖွဲ့ -AHN