Monday, December 19, 2016

ကော့မှူးမြို့နယ် တိုးမြစ်အတွင်း၌ ရေယာဉ်(၂)စီး တိုက်မှုဖြစ်ပွား

=====

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

၁၉.၁၂.၂၀၁၆ ရက်နေ့ ၂၀၀၀ အချိန်တွင် ကော့မှူးမြို့နယ်၊ တိုးမြစ်အတွင်း
ဝဲကြီးကွေ့အနီး၌ ရေယာဉ်အုပ် ဦးတင်မြင့်၊ (၆၃)နှစ်၊ မောင်းနှင်သော
ပုသိမ်သူ ရန်ကုန်-မော်ကျွန်း-ပုသိမ်ခရီးသည်တင် ရှပ်ပြေးရေယာဉ်နှင့်
ဦးစိုးစိုး၊ (၃၈)နှစ် မောင်းနှင်သော ချမ်းမြေ့ထွန်း ကုန်တင်ရေယာဉ်တို့
တိုက်မိခဲ့ပြီး ချမ်းမြေ့ထွန်းကုန်တင်ရေယာဉ်မှာ တိုးမြစ်အတွင်း နစ်မြုပ်မှု
ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မော်ကျွန်း-ပုသိမ်သို့ပြေးဆွဲနေသော ခရီးသည်တင်
ရေယာဉ်၌ ခရီးသည် (၃၀၀)ဦးခန့်ပါရှိပြီး ရန်ကုန်မြို့မှမော်ကျွန်းမြို့သို့
မောင်းနှင်သွားနေစဉ် ချမ်းမြေ့ထွန်းကုန်တင်ယာဉ်မှာ ကျိုက်လတ်မြို့မှ
ရန်ကုန်မြို့သို့ မောင်းနှင်လာနေစဉ် တိုးမြစ်အတွင်းရှိ ၀ဲကြီးကွေ့အရောက်၌
၎င်းဝဲအား ရှောင်ကွင်းမောင်းနှင်ရာမှ ရှပ်ပြေးရေယာဉ်ရှေ့သို့ရောက်ရှိသွားပြီး
မျက်နှာချင်းဆိုင် တိုက်မိကာ နစ်မြုပ်သွားခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ ရေယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ချမ်းမြေ့ထွန်းကုန်တင်ရေယာဉ်
ပေါ်ပါ ဦးသန်းအေးတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး
ပုသိမ်သူရေယာဉ်ပေါ်ပါ ခရီးသည်များမှာ ဒဏ်ရာရရှိမှုမရှိကြောင်း
သတင်းရရှိပါသည်။

==

Source and Photo -Yangon Police
အင်ဒိုနီးရှားတွင် လေယာဉ်ပျက်ကျ ၁၃ ဦးသေဆုံး

======

ဂျာကာတာ၊ ဒီဇင်ဘာ ၁၈ ။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက် မနက်ပိုင်းက အင်ဒိုနီးရှား၊နိုင်ငံအရှေ့ပိုင်း PAPUA ဒေသတွင် Hercules C-130 အမျိုးအစားစစ်ဘက်ဆိုင်ရာ လေယာဉ်တစ်စင်း ပျက်ကျခဲ့ခြင်းကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လေယာဉ်မှူး သုံး ဦး နှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ ၁၀ ဦး၊ ပေါင်း ၁၃ ဦး စလုံး သေဆုံးသွားခဲ့ကြောင်း ယနေ့ ( ဒီဇင်ဘာ ၁၈)ရက် BBC သတင်းတွင်ဖော်ပြသည်။

အဆိုပါလေယာဉ်မှာ စားနပ်ရိက္ခာများတင်ဆောင်ပြီး Timika ဒေသမှ Wamena ဒေသသို့ပျံသန်းလာသည့် လေယာဉ်ဖြစ်ပြီး တောင်ထူထပ်ရာနေရာရှိ လေဆိပ်သို့ဆင်းသက်ရန်ကြိုးပမ်းစဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။

 လေတပ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်ပျံကျရခြင်းဖြစ်သည်ဟု
ထင်မြင်ယူဆကြောင်းပြောသည်။

==

AHN

PHOTO - BBC

The asia heart news journal

ဧရာဝတီမြစ်အတွင်း သင်္ဘောတစ်စင်းနစ်မြုပ်

=========

မုံရွာ၊ ဒီဇင်ဘာ ၁၇။

       စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က ဧရာဝတီမြစ်အတွင်း ဆိုက်ကပ်ထားသော သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကယနေ့ ဒီဇင်ဘာလ ၁၇ ရက်တွင်AHN သို့ ပြောသည်။

        ထီးချိုင့်မြို့နယ်၊ ငပိချောင်းကျေးရွာ၊ ဘုရားရေဆိပ်၊ ဧရာဝတီမြစ် ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော 'ရွှေဂန္ဓမာ' သင်္ဘောမှာ နောက်ပိုင်းရေဝင်ကာ ဒီဇင်ဘာ ၁၆ ရက် နံနက် ၂ နာရီခွဲအချိန်ခန့်က  နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘောပေါ်တွင် လိုက်ပါလာသူ ဦးဝင်းရွှေ(၅၀)နှစ် ဆိုသူမှာလည်း ပျောက်ဆုံးသွားခဲ့ကြေင်း၊ သင်္ဘောနစ်မြုပ်မှုကြောင့် ကာလတန်ဖိုး ကျပ်သိန်း(၁၀၀၀)ခန့် ဆုံးရှုံးသွားခဲ့ကြောင်း ၊ သင်္ဘောကွပ်ကဲသူအား စုံစမ်းရာ ကို........( ၄၂ ) နှစ် ဆိုသူဖြစ်သည်ဟု သိရှိရကြောင်း၊ သို့အတွက် ရေယာဉ်နစ်မြုပ်စေပြီး လူပျောက်ဆုံးအောင် မဆင်မခြင်ကွပ်ကဲသူ ကို....... ( ၄၂ ) နှစ်အား သက်ဆိုင်ရာမြို့မရဲစခန်းက(ပ)၄၁၁/၂၀၁၆၊ ရာဇသက်ကြီးပုဒ်မ ၂၈၀ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

====

မာန်ဇာမြေမွန်

The asia heart news journal

ကျောက်မဲမြို့ ရှိ ခရိုင် ရဲတပ်ဖွဲ့ရုံးအနီး သို့ အမည်မသိသူများက လက်နက်ဖြင့်ပစ်

=====

ကျောက်မဲ၊ ဒီဇင်ဘာ ၁၇။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ယနေ့ည နေ ၆း၃၀ ခန့်က ပြင်းထန်သည့် အသံတစ်ခုထွက်ပေါ်လာခဲ့ကြောင်း ၊ယင်း အသံမှာ ကျောက်မဲမြို့မြောက်ဘက်ရှိ ခရိုင် ရဲရုံး အနီးသို့ အမည်မသိသူများကလက်နက်ဖြင့်ပစ်ခတ်ရာမှထွက်ပေါ်လာသည့် အသံဖြစ်ကြောင်း
 ကျောက်မဲမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကယနေ့ ( ဒီဇင်ဘာ ၁၇ ရက်) ည ၈း၃၀နာရီတွင် AHN သို့အတည်ပြုပြောသည်။

"ကျောက်မဲမြို့မြောက်ဘက် မှာရှိတဲ့ ခရိုင်ရဲရုံးကို အမည်မသိတဲ့သူတွေက အမ်-40 လက်နဲ့ပစ်တာပါ။ ပစ်ပြီးပြေးသွားတာပါ။ ကျည်ကရဲစခန်းဘေးမြေကွက်လပ်ကိုကျပါတယ်။ အနားမှာရှိတဲ့ သစ်ပင် အချို့ထိပါတယ်။ စခန်းကိုလည်း အနည်းငယ်ထိပါတယ်။စခန်းလည်းမပျက်စီးပါဘူး၊ထိခိုက်၊သေဆုံးဒဏ်ရာရတာမရှိပါဘူး  “ဟု ၄င်းကပြောသည်။

"ပေါက်ကွဲသံလိုမျိုး အသံထွက်လာတာတော့ ကြားပါတယ် ။ မြို့ကလည်း အေးအေးဆေးဆေးပါ။ အခုချိန်မှာ မြို့ထဲက လူတွေက ဆူဇူကီးဖလားအားပေးနေတယ်။ ထိုင်းနိုင်လို့ အားမလိုအားမရနဲ့အော်ဟစ်နေကြတယ်။ မြို့ထဲမှာပုံလည်းမှန်လှုပ်ရှားသွားလာနေကြပါတယ် ၊ တကယ့်ကို အေးဆေးပါပဲ“ ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

==
မင်္ဂလာထွန်း (AHN- KME)

PHOTO- AHN

Wednesday, December 14, 2016

Asia heart news journal vol1 issue 17

AHN ( The Asia Heart News)  အာရှနှလုံးသားသတင်းဂျာနယ်၊ အတွဲ( ၁) ၊ အမှတ် (၁၇) ၁၄-၁၂-၂၀၁၆။

-အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်သို့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအားခေါ်ဆောင်သွားနိုင်ရန်မြန်မာအစိုးရစီစဉ်

-ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ကျေးရွာ ဒုတိယဥက္ကဌ အပါအ၀င် လူပေါင်း ၃၀ ကျော်ကို TNLA ဖမ်းဆီးခေါ်ဆောင်

-တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံတွင် စိုက်ထူထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်ကျောက်တိုင်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်ဖွင့်လှစ်မည်

-ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံရသည့် ပေါ်တူဂီဝန်ကြီး ချုပ်ဟောင်း  ကျမ်းသစ္စာကျိန်ဆို

- ဆိုင်ကယ် နှင့်ကားမျက် နှာချင်းဆိုင်တိုက်၊ ဆိုင်ကယ်ပေါ်လိုက်ပါလာသူ ၄ ဦး စလုံးသေဆုံး

-မုံရွာတွင်သတင်းထောက်တစ်ဦး အသတ်ခံရ

-ဆိပ်ကမ်းနှင့် အကောက်ခွန်ဌာနတွင် ကုန်စည်များကြန့်ကြာနေပါက အဆင်ပြေအောင်ကူညီပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

-မူးယစ်ဆေးသုံးစွဲရန်ငွေတောင်းသည်ကို မပေး၍ သားအရင်းကမိခင်ကို ဓါးဖြင့်ခုတ်သတ်

-ရန်ကုန်စည်ပင်ဥပဒေပြင်ဆင်ရန် ရန်ကုန်မြို့တော်ဝန်နှင့် အရပ်ဘက် အဖွဲ့အစည်း ၃၀ ကျော်တွေ့ဆုံမည်

-လူငယ်တစ်ဦးဆေးရုံမှဆင်းပြေးကာ မြစ်ထဲခုန်ချ

-တရုတ်ကြောင့် မုံရွာတွင် စောင်စက်ရုံများပိတ်ခဲ့ရ

-ကမ္ဘာကြီးကစောင့်ကြည့်နေရမည့် အမေရိကန် နှစ်ဦး

-တိုင်းရင်းသားမျိုးနွယ်စုတွင် ရိုဟင်ဂျာ မပါဝင်ကြောင်း မြန်မာ့သမိုင်းဖြစ်ရပ်မှန်များကို ရေးသားပြုစုထုတ်ဝေဖြန့်ချိမည်

-ကော့မှူးတွင် ပရိဘောဂ ထုတ်လုပ်မှုသင်တန်းဖွင့်လှစ်မည်

-၂၂ မိုင်သာ ရှည်သည့် မန္တလေး- ပြင်ဦးလွင်ကားလမ်းသစ် ပြီးစီးပါက အဆင်ပြေချောမွေ့စွာသွားလာနိုင်မည်

-တောင်ကြီးမြို့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှ ထဘီ၊ ဖိနပ် နှင့် ပစ္စည်းများ ခိုးယူသည်ဆိုသူ ၃ ဦးကို အရေးယူပေးရန်တိုင်ကြား၊

-မီးတောင် ဟောင်းရှိသည့် ယင်းမာပင်မြို့နယ် တွင်းမ ဒေသကို ခရီးစဉ်တစ်ခုအဖြစ်သတ်မှတ်ပေးနိုင်ရန်လေ့လာဆန်းစစ်မှုများပြုလုပ်နေ

-အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်ရေးနေ့ ချောက်မြို့တွင် ကျင်းပ

-ချောက်မြို့နယ် ၊ စလေတိုက်နယ်တွင် ပထမဆုံးအကြိမ် အဖြစ် လွှတ်တော်ကိုယ်စားလှယ်များ နှင့် ဒေသခံပြည်သူများတွေ့ဆုံ

-ကနေဒါလက်ဝှေ့သမားကို ရှုံး နိမ့် ခဲ့၍ ပရိတ်သတ်ကို ထွန်းထွန်းမင်း တောင်းပန်

-အသင်း ၇ သင်းဖြင့် အမျိုးသမီး လိဂ် ဘောလုံးပြိုင်ပွဲ စတင် ကျင်းပ။

စသည့်ရင်ခုန်စိတ်လှုပ်ရှားဖွယ်နောက်ဆုံးရ သတင်းအချက်အလက်များ၊

-မွေးကင်းစ ဒီမိုကရေစီ ( အေးထွန်းမင်း)

-ပြည်သူ့ အုပ်ချုပ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ( မင်းရွှေမောင်)

-သတင်းသမားနှင့်ဒီမိုကရေစီ( စိုးမင်းဦး)

-ခြားနားချက်( မြင့်ဇော်လတ်)

-မြန်မာ ဘောလုံးအသင်းမှမထင်မရှား သူရဲကောင်းများ( ရဲရင့်ဌေး)

-အင်းလေးက ရတဲ့ဝင်ငွေ အင်းလေးအတွက် အပြည့် အ၀ပြန်သုံးပါ ( အယ်ဖြူ)

-သူလည်း ဘို ကေ၊ ကိုတင့်လည်း ဘိုကေ ( ၀င်းစံ)

-မြို့စားမင်း ( ကျော်စိန်မင်း)

-မောင်တော အကြမ်းဖက်မှု ဖြစ်ပွား ပြီး ရက် ၆၀ အလွန် ( ကံမောင်)

-သက်ငယ် မုဒိမ်း တကယ် သေဒဏ် ပေးသင့်ပြီလား ( ဒီလှိုင်းဝင်း- မန္တလေး)

- ကမ္ဘာကျော် ဓါတ်ပုံများ နှင့် မြန်မာပြည် ( စိုင်းအောင်ခေး)

-စည်ပင် နှင့် စည်း ကမ်း မဲ့ ဈေးသည် အချို့၏ တိုက်ပွဲ သံသရာ ( သန်းထိုက်လူ)

-ကျန်းမာရေးအတွက် ချွေးစစ်ခြင်း ( ဦးသောင်းဝင်း - ပန်းချယ်ရီ)

-လေ့ကျင့်ခန်း လုပ်ခြင်းက အမျိုးသား-သုက်လွှတ်ခြင်းကို ပိုမိုအားကောင်းစေနိုင် ( နေအိမ်)

-စသည့်ဆောင်းပါးကောင်းများဖြင့် အာရှ နှလုံးသားသတင်းဂျာနယ်ကို မနက်ဖြန် ၁၄-၁၂-၂၀၁၆ မနက်စောစောတွင်လူကြီးမင်းနှင့် အနီးဆုံးနေရာသို့ပို့ဆောင်ပေးထားပြီးဖြစ်ပါကြောင်း ရိုသေလေးစားစာအသိပေးအကြောင်းကြားပါသည်ခင်ဗျား။ လေးစားလျက် - စီမံခန့်ခွဲရေးအဖွဲ့ -AHN
-

-

Tuesday, December 6, 2016

Asia heart news journal vol 1 issue 16

The Asia Heart News ( AHN) အာရှနှလုံးသားသတင်းဂျာနယ်၊ အတွဲ( ၁) အမှတ် (၁၆) ၇-၁၂-၂၀၁၆။
-ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းများထုတ်လုပ်သည့် Apple အပါအ၀င်
ကုမ္ပဏီကြီး ၅၀၀ ကျော်က ”၀ ” လက်နက်ကိုင်တပ်ဖွဲ့ထံမှ သံဖြူရိုင်းများဝယ်ယူနေ။
-တရုတ်နိုင်ငံအတွင်းသို့ရောက်ရှိလာသည့်စစ်ရှောင်ပြည်သူများကိုကူညီရန်နှင့် တရုတ်နိုင်ငံအတွင်းကျည်ဆန်များ မကျရောက်စေရန် မြန်မာ- တရုတ် နှစ်နိုင်ငံတာဝန်ရှိသူများဆွေးနွေး။
-ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်း.။
-မလေးရှားဝန်ကြီးချုပ်၏ လုပ်ရပ်ကြောင့် မလေးရှားရောက်မြန်မာများစိုးရိမ်ထိတ်လန့်နေ။
- ရခိုင်အရေးနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်၏ပြောဆိုမှုသည် သံတမန်ရှုထောင့်အရ ပြောဆိုရန် သင့်၊မ သင့် စဉ်းစားသင့်ဟု ကိုဖီအာနန်ပြော
-ပုဒ္မ ၆၆ ( ဃ)ျဖင့္တရားစြဲဆုိခံထားရေ
သာနေပြည်တော်သတင်းထောက် အာမခံရရှိ။
-မလေးရှားဝန်ကြီးချုပ် နှင့် အကွက်ရွေ့ခြင်း အနုပညာ။
-မြန်မာနိုင်ငံသို့လာရောက်သည့်နိုင်ငံခြားသားများ RE-ENTRY လုပ်ဆောင်ရန်မလိုအပ်တော့။
-မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနှင့်ပြည်သူများက တပ်မတော်များအတွက်ဂုဏ်ပြုလက်ဆောင်နှင့် အလှူငွေများပေးအပ်။
-မြန်မာ-ထိုင်း ဘောလုံးပွဲအပြီး တွင် မြန်မာပရိတ်သတ် ၄၀ ကျော် အဖမ်းခံရ။
-ထွန်းထွန်းမင်း နှင့်ထိုးသတ်ပြီးပါက မြန်မာ့ရိုးရာ အတိုင်း ရန်ကုန်တွင် မင်္ဂလာဆောင်မည့် ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်ဒပ်ဗ်။
-ဒုတိယအကျော့တွင် အကောင်းဆုံး ကစားမည်ဟု မြန်မာနည်းပြ ပြော။
- နတ်သကြား တွေခန့်မှန်းသလားထင်ရလောက်အောင် ကွက်တိနည်းပါး မှန်နေတဲ့ ပရီးမီးယာလိဂ်ပွဲကြိုသုံးသပ်ချက်(ပွဲစဉ် ၁၄ တွင် ၁၀-ပွဲမှာ ၉ ပွဲမှန်ခဲ့သည်)
-အနုပညာ၊ဗေဒင်၊နိုင်ငံတကာ စသည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာနောက်ဆုံးရသတင်းအချက်အလက်များစုံလင်စွာဖြင့်။

--
-ကမ္ဘာ့အသက်အကြီးဆုံးဘွားဘွားရဲ့ ၁၁၇ နှစ်မြောက်မွေးနေ့ အခမ်းအနား ( အသက်ရှည်ရတဲ့အကြောင်း အရင်းတွေထဲမှာ ယောက်ကျားကိုမောင်းထုတ်လိုက်နိုင်တာလဲပါတယ်..)
-နောက်ကြောင်းပြန်လှည့်ဖို့ကြိုးစားကြသူများ ( အယ်ဆေးခါး-တောင်ကြီး)
-ပြည်သူ့အုပ်ချုပ်ရေးနှင့် အကျင့်ပျက်ချစားမှု ( မင်းရွှေမောင်)
-သတင်းသမားနှင့် အမှုအခင်း ( စိုးမင်းဦး)
-အိမ်( မြင့်ဇော်လတ်)
-ကမ္ဘာကိုလှမ်းမကြည့်နိုင်ရင်နောက်ကျကျန်ခဲ့မယ်( ကံဆွေမြတ်-ညောင်ရွှေ)
-ဆူဇူကီးသင်ခန်းစာ( သူရ)
-ကိုတင့်တို့အယူသီးလွန်းရော့သလား(၀င်းစံ)
-လာဘ်စားသူများ ဘောက်ချာဖွင့်ပေးပါ ( သန်းထိုက်လူ)
-မြို့စားမင်း ( ကျော်စိန်မင်း)
-မိုးပျံတက္ကစီတဲ့လေ ( ဦးသောင်းဝင်း- ပန်းချယ်ရီ)
-အကြမ်းဖက်မှုကြောင့် ကုန်သွယ်ရေးထိခိုက်လာသည့်မောင်တောနယ်စပ်( ကံမောင်)
-ငြိမ်းချမ်းရေးနှင့် ဒေါ်အောင်ဆန်းစုကြည် ( စောဝတ်မှုန်ညီ- လွိုင်ဆမ်ဆစ်)
-မလေးရှားဝန်ကြီးချုပ်ရာဂျစ်ရဲ့နိုင်ငံရေးစတန့်များ( ဘမောင်-ဧရာဝတီ)
==
စသည့်ဆောင်းပါးကောင်းများဖြင့် ယနေ့ နံနက်စောစောတွင် AHN ကို လူကြီးမင်း နှင့်အနီးဆုံးနေရာသို့ပို့ဆောင်ပေးထားပြီးဖြစ်ပါကြောင်းရိုသေလေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျား။ လေးစားလျက်- စီမံခန့်ခွဲရေး အဖွဲ့= AHN

Sunday, December 4, 2016

Asia heart news journal vol1 issue 15

The Asia Heart News ( AHN) အတွဲ( ၁) အမှတ်( ၁၅) -၃၀-၁၁-၂၀၁၆။
--------------------------
- မိမိအားလာရောက်တွေ့ဆုံပါက လက်ခံကာ အတွေ့အကြုံများအားပြောပြမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ( ငြိမ်း)ပြော။

-သက်ငယ်မုဒိမ်းမှုများအတွက် တိကျသော ပြစ်မှု ပြစ်ဒဏ်ချမှတ်နိုင်သည့် ဥပဒေသစ်ပေါ်ထွက်လာတော့မည်ဟု ၀န်ကြီးပြော။

- အမျိုးသားတစ်ဦး ကိုယ့်လည်ပင်းကို မြက်ရိတ်သည့်စက်ဖြင့် လှီးဖြတ်သဖြင့်သေဆုံး။

-ဘရာဇီးဘောလုံးသမားများအပါအ၀င်လူ ၈၁ ဦးလိုက်ပါလာသည့်လေယာဉ်ပျက်ကျ၊ ၅ ဦးအသက်ရှင်

-မူဆယ်သို့သွားသည့် ခရီးသည်တင်ကားများ ရက်အကန့်အသတ်မရှိရပ်နားထား။

-KIA/ TNLA လက်နက်ကိုင် အဖွဲ့က မူဆယ်မြို့အားလက်နက်ကြီးများဖြင့် ပစ်ခတ်၊ မိုင်းများဖောက်ခွဲဟုဆို။

-လမ်းအောက်ရှိရေပြွန်အတွင်းမှ လက်လုပ်မိုင်း ၄ လုံးတွေ့ရှိ။

-မြန်မာ့လေကြောင်း ရန်ကုန်- ကလကတ္တားခရီးစဉ်ပြေးဆွဲမည်။

-လင်မယားချင်းစကားများရာမှ ခင်ပွန်းက ဇနီးဖြစ်သူကို တူမီးသေနတ်ဖြင့်ပစ်။

-မြန်မာ-ထိုင်းဘောလုံးပြိုင်ပွဲလက်မှတ်များရောင်းချပေးတော့မည်။

-ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ခိုးထွက်ရန်ကြိုးစားနေသူ ၁၀ ဦး ကို ဖမ်းဆီးရမိ။

- လူပေါင်း ၄၀၀ ရာကျော်ကို မြန်မာ နှင့် လာအိုတွင်လောင်းကစားလုပ်ရန်ပို့ဆောင်ပေးမည့် အဖွဲတစ်ဖွဲအား ဖမ်းဆီးရမိ။

-မူဆယ်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးကျည်ဆန်ထိမှန်။

မော်လမြိုင်၊ငန်းတေးလျှပ်စစ်ဓါတ်အားပေးစက်ရုံလုံခြုံမှုရှိရေးနယ်လုံဝန်ကြီးကိုယ်တိုင်လာရောက်စစ်ဆေး။

-ရှမ်းနှစ် ၂၁၁၁ ခုနှစ်၊ နှစ်သစ်ကူးပွဲတော်ကျင်းပ။

-မန္တလေး မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာ အတွက်လွှတ်တော်ကိုယ်စားလှယ်များ၏ထောက်ခံချက်ပါရှိရန် မလိုအပ်တော့။

-တရုတ်တွေဝယ်ယူမှုမရှိတော့သည့် မန္တလေးအိမ်ခြံမြေဈေးကွက်။

ဗေဒင်၊ အားကစား၊ ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်၊ ကျန်းမာရေး၊ IT စသည့် ပါဝင်နေကျ အခန်းကဏ္ဍများ ။

-သေနတ်သံတွေကြားက မြန်မာအမျိုးသမီးသတင်းထောက် ( ချမ်းမြမြငြိမ်း)

-ငြိမ်းချမ်းရေးအတွက် လမ်းတစ်သွယ်( အယ်ဒီတာ့အာဘော်)

-ပြည်သူ့အုပ်ချုပ်ရေး နှင့်ပြည်သူ့ဆက်ဆံရေး ( မင်းရွှေမောင်)

-သတင်းသမားနှင့် နိုင်ငံရေး အလှည့်အပြောင်း( စိုးမင်းဦး)

-ဒီဇင်ဘာတမ်းချင်း( မြင့်ဇော်လတ်)

-ကမ္ဘာကို လှမ်းမကြည့်နိုင်ရင် နောက်ကျ ကျန်ခဲ့မယ် ( ကံဆွေမြတ်- ညောင်ရွှေ)

-လိုအပ်နေတဲ့ကိုတင့်တို့ရဲ့ခံယူချက်နဲ့လုပ်ဆောင်ချက်များ ( ၀င်းစံ)

-ကျွ န်ုပ်တွေ့မိသော ရန်သူများ ( သုခိန်- ဗုဒ္ဓတက္ကသိုလ်)

-ကာကွယ်တားဆီးရန်လိုအပ်နေသည့်မောင်တောမြို့က မူးယစ်ဆေးဝါး (ကံမောင်)

-ပေါ်ပြူလာဖြစ်လာတဲ့ ဆိုလာစွမ်းအင်( ဦေးသာင်းဝင်း- ပန်းချယ်ရီ)

-သူရဲကောင်း (မောင်စိန်ဝင်း- ပုတီးကုန်း)

-၁၂ နှစ် သမိုင်း အသစ်နဲ့ ဆူဇူကီး ဆီမီးသို့ ဒုတိယအကြိမ်(သူရ)

-ထိုင်း နှင့် မြန်မာ ပွဲမှာ ဘာမဆိုဖြစ်သွားနိုင်သည်ဟု မလေးရှားနည်းပြပြော။

-ကမ္ဘာ့အရက်ရောဆုံးနိုင်ငံများ (စိုင်းအောင်ခေး)

-မိဘနှင့်ရင်းနှီးသောလသားအရွယ်ကလေးငယ်များ
 စောလျင်စွာစကားပြောတတ်။ (နေအိမ်)

-ဖခင်ဖြစ်သူက ဖုန်းကစား ရင်း ကလေးငယ်ကို နို့ဘူးတိုက်ခဲ့၍ ကလေးငယ်သေဆုံး၊

-ကျူးဘား ဘယ်လမ်းကိုလျှောက်မလဲ ( နေယွန်းအိမ်)

-ဖီဒယ်လ်ကက်စထရို( သို့မဟုတ်) နံရံကိုခေါင်း ဖြင့် ဆောင့်ခဲ့သူ ( ဘမောင်)

စသည့်ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာနောက်ဆုံးရသတင်းအချက်အလက်များဖြင့် The Asia Heart News ( AHN ) ကို ယနေ့ (နိုဝင်ဘာ ၃၀)ဗုဒ္ဓဟူးနေ့ နံနက်စောစောတွင် လူကြီးမင်းနှင့် အနီးဆုံးနေရာသို့ ပို့ဆောင် ဖြန့်ချိပေးထားပြီးဖြစ်ပါကြောင်း ရိုသေလေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

( လေးစားလျက်- စီမံခန့်ခွဲရေး အဖွဲ့ - AHN )

-