Monday, December 19, 2016

The asia heart news journal

ကျောက်မဲမြို့ ရှိ ခရိုင် ရဲတပ်ဖွဲ့ရုံးအနီး သို့ အမည်မသိသူများက လက်နက်ဖြင့်ပစ်

=====

ကျောက်မဲ၊ ဒီဇင်ဘာ ၁၇။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ယနေ့ည နေ ၆း၃၀ ခန့်က ပြင်းထန်သည့် အသံတစ်ခုထွက်ပေါ်လာခဲ့ကြောင်း ၊ယင်း အသံမှာ ကျောက်မဲမြို့မြောက်ဘက်ရှိ ခရိုင် ရဲရုံး အနီးသို့ အမည်မသိသူများကလက်နက်ဖြင့်ပစ်ခတ်ရာမှထွက်ပေါ်လာသည့် အသံဖြစ်ကြောင်း
 ကျောက်မဲမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကယနေ့ ( ဒီဇင်ဘာ ၁၇ ရက်) ည ၈း၃၀နာရီတွင် AHN သို့အတည်ပြုပြောသည်။

"ကျောက်မဲမြို့မြောက်ဘက် မှာရှိတဲ့ ခရိုင်ရဲရုံးကို အမည်မသိတဲ့သူတွေက အမ်-40 လက်နဲ့ပစ်တာပါ။ ပစ်ပြီးပြေးသွားတာပါ။ ကျည်ကရဲစခန်းဘေးမြေကွက်လပ်ကိုကျပါတယ်။ အနားမှာရှိတဲ့ သစ်ပင် အချို့ထိပါတယ်။ စခန်းကိုလည်း အနည်းငယ်ထိပါတယ်။စခန်းလည်းမပျက်စီးပါဘူး၊ထိခိုက်၊သေဆုံးဒဏ်ရာရတာမရှိပါဘူး  “ဟု ၄င်းကပြောသည်။

"ပေါက်ကွဲသံလိုမျိုး အသံထွက်လာတာတော့ ကြားပါတယ် ။ မြို့ကလည်း အေးအေးဆေးဆေးပါ။ အခုချိန်မှာ မြို့ထဲက လူတွေက ဆူဇူကီးဖလားအားပေးနေတယ်။ ထိုင်းနိုင်လို့ အားမလိုအားမရနဲ့အော်ဟစ်နေကြတယ်။ မြို့ထဲမှာပုံလည်းမှန်လှုပ်ရှားသွားလာနေကြပါတယ် ၊ တကယ့်ကို အေးဆေးပါပဲ“ ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

==
မင်္ဂလာထွန်း (AHN- KME)

PHOTO- AHN

No comments:

Post a Comment