Monday, December 19, 2016

ကော့မှူးမြို့နယ် တိုးမြစ်အတွင်း၌ ရေယာဉ်(၂)စီး တိုက်မှုဖြစ်ပွား

=====

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

၁၉.၁၂.၂၀၁၆ ရက်နေ့ ၂၀၀၀ အချိန်တွင် ကော့မှူးမြို့နယ်၊ တိုးမြစ်အတွင်း
ဝဲကြီးကွေ့အနီး၌ ရေယာဉ်အုပ် ဦးတင်မြင့်၊ (၆၃)နှစ်၊ မောင်းနှင်သော
ပုသိမ်သူ ရန်ကုန်-မော်ကျွန်း-ပုသိမ်ခရီးသည်တင် ရှပ်ပြေးရေယာဉ်နှင့်
ဦးစိုးစိုး၊ (၃၈)နှစ် မောင်းနှင်သော ချမ်းမြေ့ထွန်း ကုန်တင်ရေယာဉ်တို့
တိုက်မိခဲ့ပြီး ချမ်းမြေ့ထွန်းကုန်တင်ရေယာဉ်မှာ တိုးမြစ်အတွင်း နစ်မြုပ်မှု
ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မော်ကျွန်း-ပုသိမ်သို့ပြေးဆွဲနေသော ခရီးသည်တင်
ရေယာဉ်၌ ခရီးသည် (၃၀၀)ဦးခန့်ပါရှိပြီး ရန်ကုန်မြို့မှမော်ကျွန်းမြို့သို့
မောင်းနှင်သွားနေစဉ် ချမ်းမြေ့ထွန်းကုန်တင်ယာဉ်မှာ ကျိုက်လတ်မြို့မှ
ရန်ကုန်မြို့သို့ မောင်းနှင်လာနေစဉ် တိုးမြစ်အတွင်းရှိ ၀ဲကြီးကွေ့အရောက်၌
၎င်းဝဲအား ရှောင်ကွင်းမောင်းနှင်ရာမှ ရှပ်ပြေးရေယာဉ်ရှေ့သို့ရောက်ရှိသွားပြီး
မျက်နှာချင်းဆိုင် တိုက်မိကာ နစ်မြုပ်သွားခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ ရေယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ချမ်းမြေ့ထွန်းကုန်တင်ရေယာဉ်
ပေါ်ပါ ဦးသန်းအေးတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး
ပုသိမ်သူရေယာဉ်ပေါ်ပါ ခရီးသည်များမှာ ဒဏ်ရာရရှိမှုမရှိကြောင်း
သတင်းရရှိပါသည်။

==

Source and Photo -Yangon Police

No comments:

Post a Comment