Monday, December 19, 2016

အင်ဒိုနီးရှားတွင် လေယာဉ်ပျက်ကျ ၁၃ ဦးသေဆုံး

======

ဂျာကာတာ၊ ဒီဇင်ဘာ ၁၈ ။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက် မနက်ပိုင်းက အင်ဒိုနီးရှား၊နိုင်ငံအရှေ့ပိုင်း PAPUA ဒေသတွင် Hercules C-130 အမျိုးအစားစစ်ဘက်ဆိုင်ရာ လေယာဉ်တစ်စင်း ပျက်ကျခဲ့ခြင်းကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လေယာဉ်မှူး သုံး ဦး နှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ ၁၀ ဦး၊ ပေါင်း ၁၃ ဦး စလုံး သေဆုံးသွားခဲ့ကြောင်း ယနေ့ ( ဒီဇင်ဘာ ၁၈)ရက် BBC သတင်းတွင်ဖော်ပြသည်။

အဆိုပါလေယာဉ်မှာ စားနပ်ရိက္ခာများတင်ဆောင်ပြီး Timika ဒေသမှ Wamena ဒေသသို့ပျံသန်းလာသည့် လေယာဉ်ဖြစ်ပြီး တောင်ထူထပ်ရာနေရာရှိ လေဆိပ်သို့ဆင်းသက်ရန်ကြိုးပမ်းစဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။

 လေတပ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်ပျံကျရခြင်းဖြစ်သည်ဟု
ထင်မြင်ယူဆကြောင်းပြောသည်။

==

AHN

PHOTO - BBC

No comments:

Post a Comment