Monday, December 19, 2016

The asia heart news journal

ဧရာဝတီမြစ်အတွင်း သင်္ဘောတစ်စင်းနစ်မြုပ်

=========

မုံရွာ၊ ဒီဇင်ဘာ ၁၇။

       စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က ဧရာဝတီမြစ်အတွင်း ဆိုက်ကပ်ထားသော သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကယနေ့ ဒီဇင်ဘာလ ၁၇ ရက်တွင်AHN သို့ ပြောသည်။

        ထီးချိုင့်မြို့နယ်၊ ငပိချောင်းကျေးရွာ၊ ဘုရားရေဆိပ်၊ ဧရာဝတီမြစ် ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော 'ရွှေဂန္ဓမာ' သင်္ဘောမှာ နောက်ပိုင်းရေဝင်ကာ ဒီဇင်ဘာ ၁၆ ရက် နံနက် ၂ နာရီခွဲအချိန်ခန့်က  နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘောပေါ်တွင် လိုက်ပါလာသူ ဦးဝင်းရွှေ(၅၀)နှစ် ဆိုသူမှာလည်း ပျောက်ဆုံးသွားခဲ့ကြေင်း၊ သင်္ဘောနစ်မြုပ်မှုကြောင့် ကာလတန်ဖိုး ကျပ်သိန်း(၁၀၀၀)ခန့် ဆုံးရှုံးသွားခဲ့ကြောင်း ၊ သင်္ဘောကွပ်ကဲသူအား စုံစမ်းရာ ကို........( ၄၂ ) နှစ် ဆိုသူဖြစ်သည်ဟု သိရှိရကြောင်း၊ သို့အတွက် ရေယာဉ်နစ်မြုပ်စေပြီး လူပျောက်ဆုံးအောင် မဆင်မခြင်ကွပ်ကဲသူ ကို....... ( ၄၂ ) နှစ်အား သက်ဆိုင်ရာမြို့မရဲစခန်းက(ပ)၄၁၁/၂၀၁၆၊ ရာဇသက်ကြီးပုဒ်မ ၂၈၀ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

====

မာန်ဇာမြေမွန်

No comments:

Post a Comment