Wednesday, October 26, 2016

ပြည်တွင်းစစ်များရပ်ဆိုင်းရေး
ပြည်မြို့ တွင် ဆန္ဒထုတ်ဖော်တောင်းဆို

===
ပြည်၊အောက်တိုဘာ ၂၃။

     တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ပြည်တွင်းစစ်များရပ်ဆိုင်းရေး
အတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင်
အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ဆန္ဒထုတ်ဖော်
တောင်းဆိုခဲ့ကြောင်း ပြည်မြို့ခံတစ်ဦးက အောက်တိုဘာလ ၂၃ ရက်တွင် AHN သို့ပြောသည်။

     အဆိုပါဆန္ဒထုတ်ဖော်တောင်းဆိုပွဲကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ငြိမ်းချမ်းရေးကွန်ရက်(ပြည်ခရိုင်)၊
ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားများအဖွဲ့၊ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ဗမာပြည်ကျောင်းသားများသမဂ္ဂ(ပြည်ခရိုင်)
နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများတို့က ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး
“တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ပြည်တွင်းစစ်များ ရပ်ဆိုင်းရေး
ဆန္ဒထုတ်ဖော်တောင်းဆိုပွဲ(ပထမ)အကြိမ်”ဆိုသည့် ဗီနိုင်းနှင့်အတူ “စစ်
အလိုမရှိ၊ငြိမ်းချမ်းရေးသာအလိုရှိ”“ယမ်းနံ့တွေအစား
ပန်းရနံ့တွေထုံလွှမ်းပါစေ မြန်မာပြည်”“ထိုးစစ်များ
ချက်ချင်းရပ်”“ပြည်တွင်းစစ်များ ရပ်ဆဲဖို့
ပြည်သူအများတောင်းဆိုကြပါစို့”“စစ်ဘေးရှောင်စခန်းဆိုတာ
တိုင်းပြည်ရဲ့ဆိုးမွေတွေဖော်ပြနေတဲ့နေရာ”စသည့် ဆိုင်းဘုတ်များကို
ကိုင်ဆောင်ပြီး “တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသောစစ်ပွဲများ
ရပ်ဆိုင်းရေး-ဒို့အရေး၊တဖက်သတ် ထိုးစစ်များ ချက်ချင်းရပ်၊လူထုဘ၀ အိုးအိမ်
ဖျက်ဆီးသူများ ကျဆုံးပါစေ၊ပြည်တွင်းငြိမ်းချမ်းရေး-ဒို့အရေး”ဟူသော
ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြကြောင်း၎င်းကပြောသည်။

ဆန္ဒဖော်ထုတ်ပွဲကို တရားဝင်ခွင့်ပြုချက်ဖြင့်လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူအင်အား ၃၀ ကျော်ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု ပြည်မြို့ရှိ AHN သတင်းထောက်ကသတင်းပေးပို့သည်။

     အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် အဖွဲ့အစည်းအသီးသီးမှ တက်ရောက်သူများက
ဟောပြောခြင်းများ၊ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း လည်း AHN သတင်းထောက်ကပြောသည်။

====

မင်းထက်(ပြည်)

PHOTO - MH ( AHN )

No comments:

Post a Comment