Wednesday, October 26, 2016

Asia heart news

လပွတ္တာတွင် မုန်တိုင်းရှောင်ပြည်သူ ၈၀၀ ကျော်ရောက်ရှိနေ

======

လပွတ္တာ၊ အောက်တိုဘာ ၂၃ ။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ ဘေးအန္တရာယ်မှ ရှောင်ရှားရန်အတွက်ဧရာဝတီတိုင်းဒေသကြီးလပွတ္တာမြို့တွင် မုန်တိုင်းရှောင်ပြည်သူ ၈၀၀ ကျော်ရောက်ရှိနေကြောင်းလပွတ္တာ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ကိုဝင်းနိုင်ကယနေ့ (အောက်တိုဘာလ ၂၃ ရက်)နေ့လယ်ပိုင်းတွင် AHN သို့ပြောသည်။

"အရပ်ဘက်အဖွဲ့ စည်းတွေရော၊မီးသတ်ဦးစီးဌာကရော ၊ုပြည်သူ့ရဲတွေကရောမုန်းတိုင်းခိုစခန်းလေးခု ယာယီလုပ်ဆောင်ပေးနေပါတယ်။အခုလောလောဆယ် လေးထပ်ကျောင်းမှာ လူအင်းအား၅၀၀၊ကျိုက်ထီးရိုး ကျောင်းမှာလူအင်းအား၂၅၀ကျောင်း၊ကံကော်ကျောင်းမှာလူ၂၀ရောက်နေပါပြီး။ကိုးန၀င်းကျောင်း မှာလူဦးရေ၅၀ ကျော်ရောက်ရှိနေပါပြီ၊ အခုရရှိထားတာ ကတော့ကျန်ခဲ့တဲ့ နာရီဝက်လောက်ကရထားတဲ့ စာရင်းဖြစ်ပါတယ်။
မုန်းတိုင်းခိုစခန်းကိုတော့ လေးထပ်ကျောင်း၊ ကျိုက်ထီးရိုးကျောင်းရယ်၊ကံကော်ကျောင်းရယ်၊ မင်း ကျောင်း ရယ်ဆိုပြီး လေးခုဖွင့်ထားပါတယ်။ " ဟု၎င်း ကပြောသည်။

အဆိုပါရောက်ရှိလာသောမုန်းတိုင်းရှောက်ပြည်သူများမှာ မြစ်ကမ်း စပ်တွင်နေထိုင်သော ကျေးရွာများမှပြည်သူများဖြစ်ကြောင်း၊ ကျေးရွာပေါင်း၃၀ကျော်မှပြည်သူများ မုန်တိုင်းရှောင်လာခြင်းဖြစ်ကြောင်း၊
လက်ရှိအချိန်တွင် အဆိုပါ မုန်းတိုင်းရှောင်ပြည်သူများ စားသောက်မှုအဆင်ပြေစေရန်အတွက် သက်ဆိုင်ရာရပ်ကွက်ရှိအုပ်ချုပ် ရေးမှူးများ ၊အရပ်ဖက်အဖွဲ့ အစည်းများမှပူးပေါင်းကာ ထမင်းထုပ်များအားလပွတ္တာမြို့ပေါ်တွင် လိုက်လံ အလှူခံနေကြောင်း၊အလှူရှင်းများမှလည်းလာရောက်လှူဒါန်းမှုများရှိ
သဖြင့်လောလောဆယ်တွင် အလှူခံရရှိ သော ပစ္စည်းများကိုသာ မုန်တိုင်းရှောင်များအားဝေငှပေးထားကြောင်း၊ ပြည်သူလူ
ထုစားသောက်မှုအဆင်ပြေစေရန် ဖြည့်ဆည်ဆောင်ရွက်ပေးလျှက်ရှိကြောင်း  ကိုဝင်းနိုင်ကပြောသည်။

"ဘုန်းဘုန်းတို့ကျောင်းမှာ မုန်တိုင်းရှောင်ပြည်သူ ၁၀၀ လောက်ရောက်ရှိနေပါတယ်၊ လပွတ္တာမြို့မှာ ဒီမနက်ပိုင်းကတော့မိုးရွာတယ်။ အခုတော့ မရွာတော့ဘူး "ဟု ကိုးန၀င်းကျောင်း ဆရာတော် ဦးပညာ ကမိန့်သည်။

မုန်တိုင်းသည် နောက်(၁၂)နာရီအတွင်း ပိုမိုအား ကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံကမ်းရိုးတန်း(မြစ်ဝကျွန်းပေါ်ဒေသ)အနီးသို့ ဦးတည်ရွေ့လျားပြီးနောက် ပြန်ကွေ့ကာ မြောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကယနေ့နေ့လယ် ၂ နာရီတွင်ခန့်မှန်းထုတ်ပြန်ပေးထားသည်။

===

ရဲထက်ကျော် ( AHN )

photo - Ko Win Naing

No comments:

Post a Comment