Thursday, October 20, 2016

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် မီးလောင် မှုဖြစ်ပွား

===

မန္တလေး၊ အောက်တိုဘာ ၂၀ ။

ယနေ့အောက်တိုဘာလ ၂၀ရက်နေ့ ည ၆း ၄၅ အချိန် ခန့်ကမန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် မီးလောင် မှုဖြစ်ပွားခဲ့ကြောင်းမီးလောင်သည့်နေရာတွင်ရောက်ရှိသတင်းရယူနေသည့် AHN သတင်းထောက်က သတင်းပေးပို့သည်။

"မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊မဟာနွယ်စဉ်စဉ်ရပ်ကွက် မဟာမြိုင်အပိုင်း ၁
အကွက် ၄၃၁ - က ရှိ စံပယ်ဦး စတိုးနှင့်ဘော်ဒါဆောင်မှ စတင်လောင်ကျွမ်းတယ်လို့  သိရပါတယ်။
ည ၆ နာရီ ၄၅ မိနစ်ခန့်မှ စတင်လောင်ကျွမ်းတာဖြစ်တယ်လို့ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။
နှစ်ထပ်နံကပ်အဆောက်အဦးလေးလုံးမီးလောင်ကျွမ်းသွားကြောင်း သိရပါတယ်။
မီးသတ်တပ်ဖွဲ့မှ levele 3 သတ်မှတ်ထားပါတယ်။.
၇နာရီ၁၅ခန့် မှာမီးညွှန့်ကျိုးပါတယ်။
ဆက်လက်ငြိမ်းသက်နေဆဲပါ။
မီးသတ်ယာဉ်၆၀ခန့်ရောက်ရှိနေပါတယ် "ဟု၎င်းက ယနေ့ည ၈း၀၀ တွင်သတင်းပေးပို့သည်။

===

ဒီလှိုင်းဝင်း

PHOTO - AHN

No comments:

Post a Comment